| Country | |
| Publisher | |
| ISBN | null |
| Format | PaperBack |
| Language | Myanmarese |
| Year of Publication | 2023 |
| Bib. Info | 302p. ; 12x18cm. |
| Categories | Biography/Memoirs |
| Product Weight | 242 gms. |
| Shipping Charges(USD) |
အကြောင်းအမျိုးမျိုးကြောင့် ထောင်ထဲသို့ ရောက်ခဲ့ရသော သတင်းစာဆရာ စာရေးဆရာ လူထုဦးလှသည် ထောင်ထဲတွင်လည်း သတင်းစာဆရာပီပီ ထောင်ကျ အကျဉ်းသား များ၏ ဘဝကို စိတ်ဝင်စားမိရာမှ အကျဉ်းကျကာလ ၃ နှစ် ၃ လ ၇ ရက်အတွင်း အကျဉ်းသား ၂၅ဝ နှင့် တွေ့ဆုံစကားပြောမိသည်ဟု ဆိုသည်။ ထိုကဲ့သို့ စကားပြောမိရာမှ သိရှိလာရသော သူတို့ဘဝ သူတို့အကြောင်းကို ဤစာအုပ်တွင် စိတ်ဝင်စားဖွယ် တင်ပြထားခြင်းဖြစ်သည်။ ထိုထိုအကျဉ်းကျ ထောင်သားများအနက် ဖဆပလထဲမှ ကွန်မြူနစ်ပါတီကို ထုတ်ပစ်ချိန် လက်နက်မှုဖြင့်၊ ဓားပြမှုများ ဖြင့် ထောင်ထဲသို့ရောက်လာသူ မောင်ထွန်းတင်၊ အစိုးရငွေ အလွဲသုံးစားမှုဖြင့် ထောင်ကျနေသူ လျှပ်စစ်ဓာတ်အားပေးရုံ ငွေကောက်အလုပ်သမား ရှန်းဘေဟာရီး၊ ဗိုလ်ချုပ်တို့ကို ဦးစောလုပ်ကြံ ရာတွင် ပါဝင်ခဲ့သည့် ကိုသုခ၊ ထူးဆန်းသော ဓားပြလူသေမှုဖြင့် ဘုရားဒကာကြီး ဦးစံညွှန့်၊ နိုင်ငံကူး လက်မှတ်မရှိမှုဖြင့် ဖမ်းခံရသည့် ဆလုံတိုင်းရင်းသား မူကြော၊ မသင်္ကာမှုဖြင့် အချုပ်ခံရသည့် အခြေအနေမဲ့ မောင်တင်၊ အင်္ဂလိပ်ပြန်အဝင် ဂျပန်အပြေးခေတ်က မှုခင်းဖြင့် အကျဉ်းကျခံရသူ မောင်လွန်းအောင်၊ ငွေစက္ကူ ငွေဒင်္ဂါးအတုလုပ်မှုဖြင့် ထောင်ထဲရောက်လာသူ ဦးဝ၊ သေနတ်မကိုင်ဖူး သူနှင့် ပစ်သတ်မှုနှင့် ဦးသာညို၊ ထောင်ဒဏ် နှစ်ပေါင်း ၆ဝ ကျော် အပြစ်ပေးခံထားရသူ မောင်ပေါက် စည်၊ နိုင်ငံခြားသို့ ငွေလိမ်ပို့သောအမှုဖြင့် အမ် ဘီဂျေယာဒတ်စ်၊ အချစ်ကြောင့် သေဆုတောင်းခဲ့သူ အမြတို့၏ စိတ်ဝင်စားဖွယ် ဖြစ်ရပ်မှန် နောက်ကြောင်းကို သိရှိကြရမည်ဖြစ်သည်။ စာပေဗိမာန် စာမူဆုရ စာအုပ် (SapayBeikman Manuscript Literary Award Winner Book)