Country | |
Publisher | |
ISBN | null |
Format | HardBound |
Language | Myanmarese |
Year of Publication | 2023 |
Bib. Info | 270p. 13x22cm. |
Categories | Literature |
Product Weight | 348 gms. |
Shipping Charges(USD) |
ကဗျာ၊ ဆောင်းပါး၊ စာညွန့်၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ပြဇာတ်စသော ပင်ကိုယ်ရေးလက်ရာ များအပြင် ဘာသာပြန်ဝတ္ထုရှည် လုံးချင်းများကိုပါ ရေးသားခဲ့သော တက္ကသိုလ်နန္ဒမိတ်၏ ပထမဆုံး နှင့် အထင်ရှားဆုံးဝတ္ထုတစ်ပုဒ် ဖြစ်သည်။ သူသည် ဤဝတ္ထုကို သူသည် အသက် ၂၈ နှစ်အရွယ် အစောပိုင်းကာလ၊ သတင်းစာသမားဘဝတွင် ရေးသားခဲ့ခြင်း ဖြစ်သည်။ ၁၉၄၉ - ၅၀ ခေတ်ကာလ နိုင်ငံရေးအခြေအနေကို နောက်ခံထားလျက် သူ့ဘဝ တစ်စိတ်တစ်ပိုင်း ခံစားမှု၊ ဖြတ်သန်းမှုများပါ စုစည်းပေါင်းစပ်လျက် အနုပညာဈာန်ကွန့်မြူးကာ ပုံဖော်ရေးသား ဖွဲ့နွဲ့တင်ဆက်ထားခြင်း ဖြစ်သည်။ နိုင်ငံရေးနောက်ခံ ဝတ္ထုတစ်ပုဒ်ဖြစ်ခြင်းကြောင့် ထိုစဉ်က အာဏာပိုင်တို့၏ ပိတ်ပင်မှုကို ခံခဲ့ရသည်။ သတင်းစာသမားဘဝ၊ စာရေးဆရာပေါက်စ လူငယ်တစ်ဦး၏ အချစ်ရေး, နိုင်ငံရေး, ခံစားမှု, တက်ကြွထက်သန်မှုတို့ဖြင့် ဤဝတ္ထုကို ဖော်ကျူးထားသည်ကို တွေ့ရသည်။ ထို့ကြောင့် လည်း ထိုအချိန်က စာဖတ်ပရိသတ်များ၏ စိတ်အားထက်သန်စွာ၊ စုံမက်စွာ တစ်ရှိုက်မက်မက် ဖတ် ရှုနှစ်ခြိုက်ခြင်းကို ခံခဲ့ရသည်။