Country | |
Publisher | |
ISBN | 9789997130952 |
Format | PaperBack |
Language | Myanmarese |
Year of Publication | 2023 |
Bib. Info | 280p ; 14x21cm. |
Categories | Religion |
Product Weight | 238 gms. |
Shipping Charges(USD) |
ဗုဒ္ဓတရားတော်များကို လေ့လာဖတ်ရှုမိသော စာရေးဆရာ ဒါရိုက်တာ အကယ်ဒမီ မောင်ဝဏ္ဏက သူလေ့လာသုံးသပ်မိသော ဗုဒ္ဓတရားတော်များကို အခန်း (၁၇) ခန်းခွဲ၍ ပြန်လည် ခံစား ရေးသားထားခြင်းဖြစ်သည်။ ဗုဒ္ဓမြတ်စွာက မဇ္ဈိမပဋိပဒါကို ပထမဆုံး ဘာကြောင့် ဟော သလဲ၊ ဒုက္ခကို ဘယ်လို အဓိပ္ပာယ်ဖွင့်သလဲနှင့် အဲဒီဒုက္ခက လွတ်မြောက်ကြောင်း ဘယ်လို လမ်းညွှန် ခဲ့သလဲ၊ မြတ်ဗုဒ္ဓ ပေါ်ထွန်းခဲ့တဲ့ ခေတ်အခြေအနေနှင့် ဂိုဏ်းဂဏဝါဒများ၊ ဓမ္မစကြာ မိတ်ဆက်နှင့် အနတ္တမိတ်ဆက်အပါအဝင် ဗုဒ္ဓ၏ ဒုက္ခနှင့် အနတ္တတရားများကို အသေးစိတ် လေ့လာသုံးသပ်ထား ချက်များ ပါဝင်သည်။ ထို့အပြင် လယ်တီဆရာတော်၏ ဓမ္မစကြာအကျယ် မြန်မာရှင်းလင်းချက်နှင့် ဦးဖေမောင်တင်၏ ဓမ္မစကြာ အင်္ဂလိပ်ဘာသာပြန်ဆိုချက်ကိုပါ နောက်ဆက်တွဲအနေဖြင့် ဖော်ပြ ထားသည်။ တွေးခေါ် ဆင်ခြင် စဉ်းစား စိစစ် ဝေဖန်ခြင်း၌ ဝါသနာထုံ၍ မြတ်ဗုဒ္ဓတရားကို အခြေခံ အားဖြင့် လေ့လာလိုသော မြန်မာလူငယ်များသို့ ရည်ရွယ်၍ ရေးသားထားခြင်းဖြစ်ကြောင်း စာရေး သူက အမှာစာတွင် ရေးသားထားသည်။