Country | |
Publisher | |
ISBN | 9541756000100 |
Format | PaperBack |
Language | Myanmarese |
Year of Publication | 2023 |
Bib. Info | 550p. ; 13x20cm. |
Categories | Biography/Memoirs |
Product Weight | 530 gms. |
Shipping Charges(USD) |
ဒိုင်ယာနာမင်းသမီး၏ ဘဏ္ဍာစိုးဖြစ်သူ Paul Burrellရေးသားသည့် A Royal Dutyကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ မင်းသမီးနှင့် အနီးကပ်နေခဲ့ရ၍ မင်းသမီး၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကို အတွင်းကျကျ သိရှိထားသည့် Paul Burrellက ယခုစာအုပ်တွင် သူ၏ ငယ်ဘဝ၊ ဘာ ကင်ဟမ် ရွှေနန်းတော်သို့ မွေးရာဇာတိမြေကို စွန့်ပြီး စားဖိုဆောင်တွင် ပန်းကန်ဆေးသူအဖြစ် ရောက်ရှိလာပုံ၊ ထိုမှ ဘုရင်မကြီး၏ မင်းမှုထမ်း၊ ထိုနောက် အဆင့်ဆင့် ရာထူးတက်လာကာ ရွှေ မင်းသမီး ဒိုင်ယာနာ၏ ဘဏ္ဍာတော်ထိန်းအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပုံ၊ ဘာကင်ဟမ် ရွှေ နန်းတော်၏ တင်းကြပ်လှသော စည်းမျဉ်းစည်းကမ်းများကြားတွင် ဒိုင်ယာနာ နေထိုင်ခဲ့ရပုံ၊ ချားလ် စ်မင်းသား၏ အိမ်ထောင်ရေး ဖောက်ပြန်မှုနှင့် ဒိုင်ယာနာ၏ ခံစားချက်၊ တကျက်ကျက်ဖြစ်ခဲ့သော နန်းတွင်း အိမ်ထောင်ရေး ပဋိပက္ခ၊ ဒိုင်ယာနာ၏ ပြည်ပခရီးများတွင် အနီးကပ် မင်းမှုထမ်းအဖြစ် တာဝန်ထမ်းဆောင်ရင်း မြင်တွေ့ ခဲ့ရသည့် ဒိုင်ယာ၏ အတွင်းကြေ ခံစားမှုများ၊ အိမ်ထောင်ကွဲပြီး ဒိုင် ယာနာ၏ ဘဝ၊ အများ စိတ်ဝင်စားကြသည် ဒိုဒီနှင့် ဆက်ဆံရေး အပါအဝင် ဒိုင်ယာနာနှင့် ပတ်သက်၍ သိမြင်ခဲ့ရသည်များကို ဖွင့်ချဖော်ထုတ် ရေးသားထားသည်။ Paul Burrellသည် ဘုရင်မ ကြီး၊ ချားလ်စ်မင်းသား၊ ဒိုင်ယာနာမင်းသမီးတို့ ထံတွင် ၂၁ နှစ်လုံးလုံး တာဝန်ကျေပွန်စွာ အမှုတော် ထမ်းနိုင်ခဲ့သည့်အတွက် ဘုရင်မကြီး၏ ထောက်ခံမှုဖြင့် Royal Victorian Medalကို ချီးမြင့်ခြင်းခံခဲ့ရ သည်။ သူ၏ စိတ်ဝင်စားဖွယ်ကောင်းသော ဤစာအုပ်ကို ဆရာဝင်းငြိမ်း၏ သွက်လက်သော ဘာသာပြန် ကလောင်အားနှင့်အတူ လက်မှ မချချင်အောင် ဖတ်ရှုကြရမည်ဖြစ်သည်။