focus in
# 852841
USD 13.50 (Book Not in Ready Stock, will take 45-60 days to source and dispatch)
- +

မြန်မာရာဇဝင် စစ်ဘုရင်နဲ့ စစ်တပ်ရဲ့ကဏ္ဍ (အတွဲ ၃)

Author :  နိုင်ထိုက်

Product Details

Country
Myanmar
Publisher
ဒေါ်မိုးမိုးလွင်
ISBN null
Format PaperBack
Language Myanmarese
Year of Publication 2023
Bib. Info 328p. ; 16x23cm.
Categories History
Product Weight 300 gms.
Shipping Charges(USD)

Product Description

မြန်မာ့သမိုင်းတွင် စစ်ဘုရင်ဖြစ်ခဲ့ကြသူများနှင့် စစ်တပ်၏ အခန်းကဏ္ဍကို နိုင်ငံရေး ရှုထောင့်မှ လေ့လာသုံးသပ်ထားသော စာအုပ်ဖြစ်သည်။ ပထမတွဲတွင် ဆင်ဖြူများရှင် ဘုရင့်နောင် ကွယ်လွန်ပြီး (၁၉) နှစ်ကြာသည့်အခါ ပြစရာမကျန်တော့သည့် ဟံသာဝတီအင်ပါယာကြီးနှင့် နယ်ချဲ့ စစ်ပွဲများအကြောင်း၊ မြန်မာ့သမိုင်းတွင် အင်အားအကြီးဆုံးဖြစ်ရုံသာမက နေပြည်တော်ကနေ အ ဘက်ဘက်ကို ဩဇာလွှမ်းမိုးသက်ရောက်သည့် ကျေးစွန်ရွာလက်အထိ စတုရန်းကီလိုနီတာ တစ်သန်းခွဲခန့်ရှိသည်ဟု ခန့်မှန်းရသည့် နိုင်ငံတော်ကြီး တစ်စစီပြိုကွဲသွားရပုံကို လည်းကောင်း၊ ဒုတိယတွဲတွင် ဆက်ခံသူ သားမြေးအဆက်ဆက်တို့ ဓားသွားချင်းယှက်၊ ဖက်ပြိုင်အုပ်စီးဖို့ ကြိုးပမ်း ကြရာတွင် “တပ်မတော်အင်အားရှိမှ ငါအင်အားရှိမည်' ဟုထင်ပြီး မိုက်တွင်းကိုယ်စီ အပြိုင်တူးကြ သည့်ခေတ်များအကြောင်းကို လည်းကောင်း၊ တတိယတွဲတွင် သာလွန်မင်း မျက်ကွယ်ပြုသွားပြီး နောက် သူလွှဲအပ်ခဲ့သော သားတော်ကြီး ပင်းတလဲမင်းလက်ထက် ကြုံတွေ့ ခဲ့ရသော တရုတ်တို့၏ ကျူးကျော်မှုပြဿနာနှင့် နောက်ဆက်တွဲအကျိုးဆက်ကိုလည်းကောင်း သုံးသပ်ဝေဖန် ရေးသား မှတ်တမ်းတင်ထားသည်။ ကာလအားဖြင့် ပထမတွဲတွင် ၁၆ ရာစု မြန်မာ့သမိုင်းနှင့် ခေတ်ပြိုင်သမိုင်း များကိုလည်းကောင်း၊ ဒုတိယတွဲတွင် ၁၇ ရာစု၏ ရှေ့ပိုင်းခေတ်မှသည် သာလွန်မင်းတရားခေတ် အထိကိုလည်းကောင်း၊ တတိယတွဲတွင် ၁၇ ရာစုသမိုင်းကိုလည်းကောင်း ဖတ်ရှုကြရမည် ဖြစ်သည်။

Product added to Cart
Copied