| Country | |
| Publisher | |
| ISBN | null |
| Format | PaperBack |
| Language | Myanmarese |
| Year of Publication | 2021 |
| Bib. Info | 228p. ; 14x21cm. |
| Categories | History |
| Product Weight | 242 gms. |
| Shipping Charges(USD) |
ဗြိတိသျှကိုလိုနီလက်အောက် မြန်မာနိုင်ငံကျရောက်ခဲ့ပြီးနောက် လွတ်လပ်သော မြန်မာနိုင်ငံ ပြန်လည်တည်ထောင်နိုင်ရအတွက် လွတ်လပ်ရေးကြိုးပမ်းမှုတွင် ကချင်ပြည်နယ် တိုင်းရင်းသားများ၏ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု အခန်းကဏ္ဍကို အသေးစိတ်မှတ်တမ်း တင်ထားသော စာအုပ်ဖြစ်သည်။ အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို ပထမအကြိမ် ကျူးကျော်စစ် စ,တင် ချိန်ကတည်းက တိုင်းရင်းသားလူမျိုးများ နယ်ချဲ့တို့ကို တော်လှန်တိုက်ခိုက်ခဲ့ကြပုံ၊ ကိုလိုနီခေတ် ကချင်လူငယ်များ နိုင်ငံရေးလှုပ်ရှားမှု၊ ဖက်ဆစ်တော်လှန်ရေးတွင်လည်း တက်ကြွစွာ တော်လှန်ခဲ့ ကြပုံ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ပင်လုံညီလာခံ ပါဝင်ပြုလုပ်ခဲ့ကြပုံ၊ တိုင်းပြုပြည်ပြုလွတ်တော် ပထမညီလာခံတွင် တက်ရောက်ပြီး ကချင်ပြည်နယ်အရေး ဆွေးနွေးကာ ကချင်ပြည်နယ် စ,တင် ဖွဲ့စည်းပုံနှင့် ထိုနိုင်ငံရေး၊ စစ်ရေးလှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ခဲ့ကြသည့် ကချင်ခေါင်းဆောင် များအကြောင်း အစရှိသည်တို့ကို ပြည့်ပြည့်စုံစုံ မှတ်တမ်းတင်ထားသည်။ စာရေးသူသည် ဤစာအုပ် ဖြင့် ၂၀၁၉ ခုနှစ် စာပေဗိမာန်စာမူဆု နိုင်ငံရေးစာပေ ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ PDF