Country | |
Publisher | |
ISBN | 9789997131270 |
Format | PaperBack |
Language | Myanmarese |
Year of Publication | 2023 |
Bib. Info | 570p. ; 14x21cm. |
Categories | Literature |
Product Weight | 530 gms. |
Shipping Charges(USD) |
စာရေးဆရာ နန္ဒ၏ လက်ရာကျော် သမိုင်းဝတ္ထုရှည်တစ်ပုဒ်ဖြစ်သည်။ အင်းဝ တံတား ဦးနယ်သား ဓားရေးကောင်းသော ငညို၊ လူပုံပျော့ပျော့နှင့် နန်းတွင်းရေးကိုမှ စိတ်ဝင်စားသော ငစို၊ နှုတ်ခမ်းမွှေးစစနှင့် ကောက်ကျစ်စဉ်းလဲသော ရွှေဘိုငနောင်၊ ငညို၏ အနွံအတာခံသော သူငယ်ချင်း ကောင်း ငတွန်၊ ငညို၏ ချစ်သူ ဒွေးမယ်၊ ငစိုကို ချစ်ပါလျက် ငနောင်နှင့် လက်ထပ်ရပြီး ကြေကွဲဖွယ် ဘဝအဆုံးသတ်ရသော ခင်မှုံ၊ မျက်နှာမှာ ဓားခုတ်ရာကြီးပါသော လူကြမ်းကြီး ဦးမင်းဒန်စသည့် ဇာတ်ဆောင်များဖြင့် ဝတ္ထုကို ရုပ်လုံးဖော်ထားသည်။ မြန်မာစာ ပါမောက္ခဟောင်း ဆရာမောင် ခင်မင် (ဓနုဖြူ)က “ .. အရေးအသားကလည်း အလွန် ဆွဲဆောင်အားကောင်းသည်။ “ဟုတ်သယ်” တို့ “မွေ့ မေလေး”တို့လို စကားသံကို ကြားယောင်လာအောင် ရေးဖွဲ့နိုင်သည်။ အညာလေ အပြည့်ပါ သော ပြောစကားများ အသက်ဝင်သည်။ ကုန်းဘောင်ခေတ်နှောင်းပိုင်း နန်းတွင်းရေးရာများနှင့် လည်း စိတ်ဝင်စားဖွယ် ဖွဲ့ယှက်ထားသည်။ မြန်မာယောက်ျားကောင်းတို့ သံနှင့်ပြုလုပ်ထားသော ဓားကို ကိုင်လိုက်သည်နှင့် သွေးကျိုက်ကျိုက်ဆူသည့် သဘောကို အလေးအနက် ဖော်ညွှန်း ထားသည်”ဟု ဤဝတ္ထုအပေါ် အမွှမ်းတင်ထားသည်။