Country | |
Publisher | |
ISBN | null |
Format | PaperBack |
Language | Myanmarese |
Year of Publication | 2023 |
Bib. Info | 218p. ; 14x21cm. |
Categories | Literature |
Product Weight | 234 gms. |
Shipping Charges(USD) |
မြန်မာစာပေသမိုင်း၌ ပေါ်ပေါက်ဖြစ်ထွန်းခဲ့သော မော်ကွန်းကဗျာများထဲမှ လူသိများ ထင်ရှားသော အကြောင်းအရာမတူသည့် ‘မော်ကွန်း’ ရှစ်စောင်နှင့် ၎င်းမော်ကွန်းများ ရေးဖွဲ့သော ‘မော်ကွန်း’စာဆို ခြောက်ဦး၊ ရဟန်းနှစ်ပါးနှင့် လူပုဂ္ဂိုလ်လေးဦးတို့၏ အကြောင်းအရာနှင့် မော်ကွန်း တို့၏ စာပေ၊ သုတ၊ ရသတို့ကို မိတ်ဆက်ထားသော စာအုပ်ဖြစ်သည်။ ၎င်းမော်ကွန်း ရှစ်စောင်ကို မော်ကွန်း စာဆိုအတ္ထုပ္ပတ္တိ၊ မော်ကွန်းနောက်ခံ၊ မော်ကွန်းဦးတည်ချက်၊ မော်ကွန်း အကြောင်းအရာ၊ မော်ကွန်း အရေးအဖွဲ့ဟူ၍ (၅)မျိုး ခေါင်းစီးတပ်ကာ ညွှန်းဆိုထားသည်။ အညွှန်းဆိုခံမော်ကွန်းများ မှာ ပြည်စုန်မော်ကွန်း၊ ရွှေနန်းတည်မော်ကွန်း၊ တံတားဦးတည် မင်္ဂလာစေတီတော်မော်ကွန်း၊ ပုံတောင်နိုင်မော်ကွန်း၊ ရတနာပြောင် ဆင်တော်မော်ကွန်း၊ မိတ္ထီလာကန်တော်ဖွဲ့မော်ကွန်း၊ တရုတ် သံရောက်မော်ကွန်း၊ ရတနာနဒီဖွဲ့ မော်ကွန်းတို့ဖြစ်ကြသည်။ ညွှန်းဆိုရာတွင် ရသမြောက်သရုပ်ဖော် အဖွဲ့၊ စကားအသုံးအနှုန်း၊ ဂုဏ်အလင်္ကာ၊ မော်ကွန်းအချပိုဒ် ကာရန်ယူပုံ စသည်တို့ကို ခွဲခြားပြထား သည့်အတွက် မော်ကွန်းတို့၏ သဘောသဘာဝကို သိရှိခံစားနားလည်နိုင်သော စာအုပ်ကောင်းတစ် အုပ် ဖြစ်သည်။ စာရေးသူသည် ဤစာအုပ်ဖြင့် ၂၀၂၁ ခုနှစ်၊ စာပေဗိမာန်စာမူဆု၊ သုတေပဒေသာ (ဝိဇ္ဇာ) တတိယဆုကို ဆွတ်ခူးနိုင်ခဲ့သည်။