Country | |
Publisher | |
ISBN | 9644700831123 |
Format | PaperBack |
Language | Myanmarese |
Year of Publication | 2023 |
Bib. Info | 256p. ; 14x21cm. |
Categories | Biography/Memoirs |
Product Weight | 240 gms. |
Shipping Charges(USD) |
မြန်မာတွင် မြန်မာတိုင်းသတင်းစာ ထုတ်ဝေခဲ့စဉ် နှစ်များစွာ သတင်းထောက် လုပ်ကိုင်ခဲ့သူ အမေရိကန်နိုင်ငံသူ Gabrielle Paluch ရေးသားသည့် The Opium Queen: The Untold Story of the Rebel Who Ruled the Golden Triangle စာအုပ်ကို ဘာသာပြန်ဆိုထား ခြင်း ဖြစ်သည်။ တစ်ချိန်က ရွှေတြိဂံနယ်မြေတွင် ဘိန်းဘုရင်အဖြစ် နာမည်ကြီးခဲ့သူ တရုတ်နွယ်ဖွား Olive Yang ၏ အတ္ထုပ္ပတ္တိစာအုပ်ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေးဝါး အရောင်းအဝယ် ဗဟိုချက်အဖြစ်သို့ ရွှေတြိဂံဒေသ ရောက်ရှိလာချိန်တွင် ဘိန်းမှောင်ခိုလုပ်ငန်းဖြင့် ရွှေချောင်း၊ ရွှေတုံး များ တောင်လိုပုံ ပိုင်ဆိုင်လာသူ၊ စစ်အေးခေတ် တရုတ် - အမေရိကန် ပဋိပက္ခပြဇာတ်ကြီးတွင် အရေးကြီးပြဇာတ်နေရာမှ ပါဝင်သရုပ်ဆောင်ခဲ့သူ၊ ဘိန်းဘုရင်လော်စစ်ဟန်ကို လက်ထောက်အဖြစ် ထားကာ ရာပေါင်းများစွာသော လက်နက်ကိုင်တပ်ကို ဦးဆောင်ခဲ့သူ၊ ထောင်အကြိမ်ကြိမ်ကျ နှိပ်စက်ညှင်းပန်းခံခဲ့ရသူ၊ လိင်တူချစ်သူ ကိုးကန့်စစ်ဘုရင်မတစ်ဦး၏ ဘဝအနိမ့်အမြင့်နှင့် ရွှေတြိဂံ ဒေသ ဘိန်းကုန်ကူးလောကအကြောင်းကို စာအုပ်မှတဆင့် သိရှိနိုင်ကြမည် ဖြစ်သည်။