focus in
# 857554
USD 7.50 (Book Not in Ready Stock, will take 45-60 days to source and dispatch)
- +

မောင့်ဘဝ ညအလားကွယ်

Author :  တက္ကသိုလ်ဘုန်းနိုင်

Product Details

Country
Myanmar
Publisher
ဦးကျော်ဇင်
ISBN 9789998652040
Format PaperBack
Language Myanmarese
Year of Publication 2023
Bib. Info 164p.
Categories Literature
Product Weight 170 gms.
Shipping Charges(USD)

Product Description

‘ မေလလို လှပ၍ မေမေ့လို ကြင်နာသော မမမေ ‘ ဒီစာကြောင်းကို ဖတ်မိတာနဲ့ ဘာစာအုပ်ဆိုတာ တက္ကသိုလ်ဘုန်းနိုင် ပရိသတ်တွေသိကြပါတယ်။ “အားကျတယ်တော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ခုနင်က မမမေ ပြောသလို နတ်သျှင်နောင်ရဲ့ ဘဝဟာ ညအလားလို့ပဲ ထားပါစို့။ အဲ့ဒီညဟာ အင်မတန် ချစ်မက်ဖွယ်ကောင်းတဲ့ ညဖြစ်မှာပဲ” – ကိုလွမ်းနောင် “မောင် ပြောခဲ့ဖူးတဲ့ စကားကို မမမေ ပြန်သတိရမိတယ်။ သံယောဇဉ်ကြိုး မရှည်ချင်ဘူးဆိုတာလေ။ မမမေ ထင်တာကတော့ မရှည်အပ်တဲ့ သံယောဇဉ်နဲ့ ရှည်အပ်တဲ့ သံယောဇဉ် နှစ်မျိုး ရှိတယ်ကွယ်။ မောင့်အတွက် မမမေ ထားတဲ့ သံယောဇဉ်ကတော့ ရှည်အပ်တဲ့ သံယောဇဉ်ပဲကွယ့်” – မသက်မေ “ကဗျာဆရာကြီးဆီ စာရေးရလို့ ကဗျာဆန်ဆန်ပဲ ရေးချင်မိတယ်။ ဒါပေမဲ့ ကဗျာမစပ်တတ်လို့ ရဝေရှင်ထွေးရဲ့ ကဗျာလေးကိုပဲ ကူးယူပြီး ထည့်လိုက်မိတယ်။ ဒီကဗျာကို ဖတ်ပြီး ကိုလွမ်းနောင် အပျင်းပြေရင် တင်တင်ဦး ကျေနပ်ပါပြီ” – တင်တင်ဦး ​ဂျပန်ခေတ် ကာလဆိုးနဲ့ ရောင်စုံသူပုန်တို့ ကြီးစိုးချိန် ကာလနောက်ခံ။ ကံကြမ္မာဆိုတဲ့ အယ်ဒီတာကြီးက အထက်ပါ ဇာတ်ကောင် ၃ ဦးကို ဘယ်လိုတွေ အကွက်ချ စီစဉ်ပြီး ပုံဖော်ခဲ့လဲ။ နတ်ရှင်နောင်၊ ဓာတုကလျာနဲ့ ရဝေရှင်ထွေးတို့ရဲ့ သမိုင်းနောက်ခံနဲ့ ကိုလွမ်းနောင်တို့ ၃ ဦးရဲ့ ဇာတ်လမ်းတွေက ဘာကြောင့် သတိရစရာတွေ ဖြစ်သလဲ။ ခေတ် စနစ် ကာလတွေ ဘယ်လိုပြောင်းပြောင်း စာချစ်သူတို့ ရင်ထဲမှာ အမြဲတမ်း ရှင်သန် သဘောကျကြတဲ့ ဝတ္ထုကောင်းတစ်ပုဒ်။

Product added to Cart
Copied