Country | |
Publisher | |
ISBN | 9789997116154 |
Format | PaperBack |
Language | Myanmarese |
Year of Publication | 2023 |
Bib. Info | 798p. ; 15x22cm. |
Categories | Literature |
Product Weight | 698 gms. |
Shipping Charges(USD) |
Harold Robbinsရေးသားသည့် သည်းထိတ်ရင်ဖို ဇာတ်လမ်းတစ်ပုဒ်ဖြစ်သော The Adventuresကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ မိခင်နှင့် အစ်မဖြစ်သူတို့အား အဓမ္မကျင့် သတ်ဖြတ်ခဲ့သူများကို အသက် ၉ နှစ်အရွယ်၌ ကိုယ်တိုင်သေနတ်ဖြင့် အဆုံးစီရင်ခဲ့သူ၊ အသက် ၁၁ နှစ်အရွယ်တွင် ရက်သတ္တပတ် ၅ ပတ် ကြာတောတွင်းခရီးကိုလူကြီးမပါဘဲ ဖြတ်သန်းခရီးနှင်ခဲ့သူ၊ ဖခင်ဖြစ်သူ သံတမန်ဖြစ်လာချိန်တွင်မှ အနောက်တိုင်းတွင် ပညာကောင်းကောင်းသင်ခွင့်ရခဲ့သူ၊ နိုင်ငံခေါင်းဆောင်ကြီး၏ စောင့်ရှောက်မှုအောက်တွင် ကြီးပြင်းလာခဲ့ရသူ၊ ဖခင်ဖြစ်သူကွယ်လွန်ချိန် တွင် သံကြီးတမန်ကြီး ဖြစ်လာခဲ့သူ၊ တစ်နိုင်ငံလုံးကို သူပုန်ကသိမ်းတော့မည့်အချိန်တွင် မွေးရပ်မြေ ကို ပြန်လာခဲ့ပြီး နိုင်ငံ၏ ဒုတိယခေါင်းဆောင်အဖြစ်မှ နိုင်ငံအကြီးအကဲအဖြစ် တာဝန်ယူခဲ့သူ၊ ဒိုင်အို ဂျနက်စ်အလီဂျန်ဒရိုဇနော့ခ်၏ ဇာတ်လမ်းဖြစ်သည်။ ၂ဝ ရာစုအလယ်ကာလဝန်းကျင်တွင် ပေါ်ပေါက်ခဲ့သော အာဏာရှင်အစိုးရများအကြောင်းကို ပုံရိပ်ပြု ရေးဖွဲ့ထားသည်။