focus in
# 857580
USD 14.41 (Book Not in Ready Stock, will take 45-60 days to source and dispatch)
- +

သူလိုအမေ သူလိုသမီး (ပြန်ပေးဆွဲခံရသည့် သမီးငယ်ကို သွားကယ်သည့် မိခင်တစ်ယောက်၏ ကြောက်မက်ဖွယ်ရာ ခရီးကြမ်း)

Author :  ကိုအောင် (မြောက်ဦး)

Product Details

Country
Myanmar
Publisher
ဦးမြင့်ထွန်း
ISBN 9789998650497
Format PaperBack
Language Myanmarese
Year of Publication 2023
Bib. Info 412p.
Categories Biography/Memoirs
Product Weight 460 gms.
Shipping Charges(USD)

Product Description

ဆီရီးယားနိုင်ငံသမိုင်းတွင် အဆိုးရွားဆုံး ပြည်တွင်းစစ်တစ်ခု ဖြစ်ပွားနေသည့် ကာလတွင် လူးဝစ္စမိုနာဂန်သည် ဆိုးပရက်စ်နိုင်ငံရှိ သူ့နေအိမ်မှ ဖခင်ဖြစ်သူ (ခင်ပွန်းဟောင်း) ၏ စာနာစိတ်ကင်းမဲ့စွာ အလစ်သုတ်ခေါ်ဆောင်ခြင်း ခံခဲ့ရသော အသက်(၆) နှစ်အရွယ် သူ့သမီးငယ်ကို ကယ်ရန်အတွက် လုံခြုံရေးအပြည့်ချထားသည့် နယ်စပ်တစ်ခုကို ဖြတ်ကျော်ခဲ့သည်။ ရှေ့တွင် ဘာအန္တရယ်တွေရှိနေမှန်း မသိဘဲ ထိုအိုင်းရစ်အမျိုးသမီးသည် ပြန်ပေးဆွဲခံခဲ့ရသည့် သူ့သမီးငယ်နှင့် ပြန်တွေ့နိုင်ရေးအတွက် သူ့ခင်ပွန်းဟောင်းကို သူ ချစ်နေသေးကြောင်းနှင့် မိသားစုတစ်စုလိုအတူပြန်နေခြင်ကြောင်း တစ်ဖက်လူယုံကြည်လာအောင် ပရိယာယ်မာယာသုံးခဲ့သည်။ သူ့ခင်ပွန်းဟောင်း၏ဇာတိမြေသို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် လူးဝစ္စသည်လည်း ချုံးချုံးကျနေသော အိမ်တစ်အိမ်ထဲတွင် သော့ခတ်လှောင်ပိတ် ထိန်းသိမ်းခံခဲ့ရသည်။ စားရသည့် အစာအဟာရကလည်း မစို့မပို့၊ လွတ်မြောက်ရန်လည်း မျှော်လင့်ချက်မရှိ။ သောက်ရသည့်ရေက မသန့်မရှင်း၊ ခင်ပွန်းဟောင်းကလည်း မသေရုံတမယ် လူမဆန်စွာ ရိုက်နှက်၊ သူ့ကို လာကယ်ရန် ပိုက်ဆံပေးထားသည့် တူရကီမှောင်ခိုသမားများကလည်း တိမ်းရှောင်ထွက်ပြေးသွားကြသည့် အဆုံးတွင် မထူးဇာတ်ခင်းခဲ့ရရာ သမီးငယ်နှင့်အတူ အရဲစွန့်ထွက်ပြေးလာခဲ့သည်။ သူတို့သားအမိသည် ဗုံးခွဲတိုက်ခိုက်မှုများ လက်ဖြောင့်သေနတ်သမားများ၏ ပစ်ခတ်မှုများကြားမှ ထွက်ပြေးပြီး ပိန်းပိတ်မှောင်နေသည့် ညအမှောင်ထဲတွင် ဆီးရီးယားစစ်သားများ မပြတ်ကင်းလှည့်နေသည့် တောင်တန်းကြီးတစ်ခုကို သက်စွန့်ဆံဖျား ကျော်ဖြတ်ခဲ့ကြသည်။ သူတို့သားအမိ ဖြတ်သန်းခဲ့ရသည့် ခရီးကြမ်းသည်ကား ကျောချမ်းစရာကောင်းလှသည်။ သို့သော် အံ့အားသင့်စရာကောင်းလောက်အောင် နှစ်ယောက်စလုံးဘေးအန္တရယ်မှ လွတ်မြောက်ခဲ့သည်။ Stolen သည် လူးဝစ္စ၏ ရင်ဖိုစိတ်လှုပ်ရှားစရာကောင်းသည့် တကယ့်အဖြစ်အပျက် ဖြစ်သည်။

Product added to Cart
Copied