Country | |
Publisher | |
ISBN | null |
Format | PaperBack |
Language | Myanmarese |
Year of Publication | 2023 |
Bib. Info | 207p. |
Categories | Literature |
Product Weight | 180 gms. |
Shipping Charges(USD) |
ကမ္ဘာကျော် ရုရှ စာရေးဆရာကြီး Fyodor Dostoyevsky ကို မော်စကိုမြို့တွင် ၁၈၂၁ ခုနှစ်က မွေးဖွားခဲ့သည်။ သူ၏ ပထမဆုံး စာအုပ်မှာ Poor Folk ဖြစ်ပြီး နောက်ပိုင်းတွင် ပြစ်မှုနှင့် ပြစ်ဒဏ် ( Crime and Punishment)၊ မိစ္ဆာ (Demons)၊ ကာရာမာဇော့ဗ် ညီအကိုများ ( The Brothers Karamazov) စသည် စာအုပ်များဖြင့် ရုရှား နိုင်ငံတွင်မကဘဲ ကမ္ဘာကပင် လေးစား အသိအမှတ် ပြုခဲ့ရသည်။ သူ့ဘဝတွင် လောင်းကစားကို ခုံမင်မှုကြောင့် မကြာခဏ ငွေကြေး အကျပ်အတည်း ကြုံရတတ်သည်။ ယခု ဝတ္ထုကိုလည်း သူသည် အလောင်းအစား သဘောမျိုး ဘယ်နေ့ ဘယ်ရက်တွင် အပြီး ရေးသားပါမည်ဟုကတိ ခံဝန်ချက်ဖြင့် ထုတ်ဝေသူနှင့် စာချုပ် ချုပ်ဆို ရေးသားခဲ့ခြင်း ဖြစ်သည်။ ဝတ္ထု ဇာတ်လမ်းမှာ ထူးထူးထွေထွေ မရှိလှပါ။ ရုရှား မိသားစု တစု၏ ကလေးငယ်များကို စာသင်ကြားပေးနေသော ကျောင်းဆရာ အလက်ဇီ အိုင်ဗန်နိုဗစ်၏ ဇာတ်လမ်း ဖြစ်သည်။ သူတို့ ရောက်ရှိနေသော နေရာမှာ ရိုဒင်ဘာလ့်မြို့ဟိုတယ် တခုတွင် ဖြစ်သည်။ ကစားဝိုင်းများ ပြည့်နှက်နေသော နေရာတွင် လာရောက် တည်းခိုကြသူများမှာ လူအမျိုးမျိုး အကြောင်းအရာ အမျိုးမျိုး ဖြစ်သည်။ သဲသဲမဲမဲ လောင်းကစားကြသူများ၊ ဘဝ တခုလုံး ပုံ၍ လောင်းကစားကြသူများ၊ လူငယ် လူရွယ်မှ စ၍ သက်ကြီးရွယ်အို အထိ မကစားရ မနေနိုင်သူများ အကြောင်း စာရေးသူ၏ ထုံးစံ အတိုင်း ထူးထူးခြားခြား ရေးသားထားသည့် ဝတ္ထုဖြစ်ပါသည်။