Country | |
Publisher | |
ISBN | 9697006061022 |
Format | PaperBack |
Language | Myanmarese |
Year of Publication | 2023 |
Bib. Info | 152p. |
Categories | Literature |
Product Weight | 185 gms. |
Shipping Charges(USD) |
ယခုစာအုပ်ထဲတွင် လူငယ်များ၊ ကျောင်းသားများအတွက် ပြုပြင်ရေးဝတ္ထုများ၊ တောဓလေ့တောစရိုက် တိရစ္ဆာန်များ အကြောင်း၊ မိဘမေတ္တာဖွဲ့ ဝတ္ထုတိုများ စသည့် (၅၂၈) မေတ္တာဝတ္ထုတိုများကို ဖတ်ရှုခံစားရမည် ဖြစ်ပါသည်။ မေတ္တာဟုသုံးနှုန်းရသော်လည်း မေတ္တာစစ်တွေချည်း တွေ့ရမည်တော့မဟုတ်။ မိဘက သားသမီးအပေါ် မေတ္တာနှင့်ရောယှက်ကာ အတ္တပါဝင်နေသည်မျိုးလည်း ရှိ၏။ မေတ္တအကြောင်းကို ဦးတည်ရေးကြသော်လည်း အတ္တအကြောင်းပါဝင်နေသည်ကို စာရေးသူတော်တော်များများ အမှုမဲ့ အမှတ်မဲ့ ရှိတတ်ကြ၏။ ကိလေသာအဖုံဖုံ ရောယှက်နေသော လူ့သဘာဝစရိုက်များကို ရေးသားကြရာတွင် အတ္တသည် အနည်းနှင့်အများတော့ ပါဝင်နေမည်ဖြစ်၏။ မေတ္တာခေါင်းစဉ်တပ်ပြီး မေတ္တာမစစ်မှန်သဖြင့် အပြစ်မဆိုသာပါ။ ကိလေသာ သဘောကြောင့်သာ ဖြစ်၏။ သို့သော် အဆိပ်အတောက်မပါသောကြောင့် အရွယ်သုံးပါးလုံး ဖတ်ရှုရန် သင့်လျော်ကြောင်း အာမခံညွှန်းဆိုဝံ့ပါသည်။ သည်စာအုပ်နှင့် ပတ်သက်ပြီး ပြောစရာ တစ်ခုကျန်ပါသေး၏။ စာမူ(၁၅)ပုဒ်လုံးကို ရသအစုံဖြင့် သီကုံးထား၏။ စာဖတ်သူများ ဖတ်ရှုကြည့်သည့်အခါ စာမူများ အားလုံးသည် တစ်ပုဒ်နှင့်တစ်ပုဒ် မတူညီကြသော ရသများကိုယ်စီ ပေးစွမ်းနေပါလိမ့်မည်။ စာအုပ်၏ ထူးခြားချက်ကား တစ်အုပ်ထဲတွင် ရသ အစုံအလင် ခံစားရရှိနိုင်ခြင်းပင် ဖြစ်သည်။ (စာရေးသူအမှာစာမှ ကောက်နှုတ်ဖော်ပြချက်)