focus in
# 857615
USD 8.40 (Book Not in Ready Stock, will take 45-60 days to source and dispatch)
- +

ဖြည်ရန်ကျန်သော ဆက်ထုံးများ (ဓါတ်ခွဲခန်းတစ်ခုမှ ကိုယ်တွေ့ဖြစ်ရပ်များ)

Author :  ဂျူနီယာမြင့်သိန်း

Product Details

Country
Myanmar
Publisher
ပန်းဆက်လမ်း
ISBN 9794318012350
Format PaperBack
Language Myanmarese
Year of Publication 2023
Bib. Info 208p.
Categories Literature
Product Weight 195 gms.
Shipping Charges(USD)

Product Description

🖤ဓာတ်ခွဲခန်းထဲမှာ နှစ်ပေါင်းများစွာ အမုန်းတရားတွေနဲ့ စောင့်ဆိုင်းနေသော အမျိုးသမီးတစ်ဦးအကြောင်း🖤 ▫️ ဓာတ်ခွဲခန်းထဲမှာ နှစ်ပေါင်းများစွာ ငြီးငွေ့စက်စုပ်ဖွယ်အတိ၊နာကျည်းမှုများအပြည့် နှင့်အတူ ဖြူဖျော့ဖျော့ ပိန်ပါးပါး တင်းစေ့နေသောနှုတ်ခမ်းများ ရှိသည့် အစိမ်းဖျော့ ပါတိတ်ဝမ်းဆက် နှင့်သူမ ဘာကို စောင့်နေခဲ့သလဲ...။သူမရဲ့အာသီသ နဲ့ အမုန်းအာဃာတများ ဖြန့်ကျက်ရာ ထိုဓာတ်ခွဲခန်း ထဲသို့ ..ချောမောထက်မြက်သော ဆရာဝန်မ ငယ်ငယ်လေးတစ်ယောက် ရောက်လာသောအခါ...။ထိုဆရာဝန်မလေးက သူမကဲ့သို့ပင်..ပြတ်သားတိကျ ခိုင်မာသော ရည်ရွယ်ချက်များ ထပ်တူကျနေခဲ့ရာ..။ သူမ ဆွဲငင်ရာ...စက်ဝန်းအတွင်း ထိုဆရာမဝန်မလေး က တဖြည်းဖြည်းချင်းအလိုက်သင့် ရောက်ရှိလာခဲ့ရာ...။သူမ နဲ့ ဆရာဝန်မလေး နှစ်ယောက်သား ဓာတ်ခွဲခန်းထဲမှသည်...မည်သို့သော ဦးတည်ရာသို့ရှေ့ဆက် သွားကြဦးမလဲ...ဖြည်ရန်ကျန်ရှိနေသောဆက်ထုံးများ မည်မျှ ကျန်ရှိနေဦးမည်လဲ...? ▫️ ပရလောကသားများလွတ်လပ်စွာ ကျက်စားတတ်သော နေရာဌာနများတွင် လူရှင်းသော လူခြေတိတ်သောဆေးရုံ ပရဝဏ် များနှင့် ဓာတ်ခွဲခန်း၊သိုလှောင်ခန်းကဲ့သို့သော နေရာများအပါအဝင်ဖြစ်သည်။ သို့သော်..ထိုနေရာများမှ ပရလောက အတွေ့အကြုံများသည် အခြားသော သုဿန် ၊ခြောက်လှန့်တတ်သောအိမ်ကြီးများနှင့် အဝေးပြေးလမ်းမများတွင် ကြုံခဲ့ရသော အဖြစ်ပျက်များလောက် ဟိုးလေးတကျော် မကြားရတတ်​ချေ။ ထိုကြားရခဲသော ပရလောက သတင်းစကားနှင့်ကိုယ်တွေ့အဖြစ်ပျက်များကို စာရေးသူ ဂျူလီယာ မြင့်သိန်း ( ရှေ့ဖြစ်ဟောသူ) မှ တစ်ဆင့်...စိတ်ဝင်စားဖွယ် ဆင်ခြင် တွေးတောစရာဝထ္ထုတစ်ပုဒ်အဖြစ် ဖတ်ရှူရမည်ဖြစ်သည်။ ▫️ ဝထ္ထုထဲတွင် ပရလောကသားများနှင့်ပတ်သက်၍ခြောက်ခြားတုန်လှုပ်ဖွယ်ဇာတ်လမ်း၊ ဇာတ်ကွက်များကို အသားပေးလွန်းခြင်းမရှိပဲ ထိုပရလောကသို့မရောက်မီ လူတစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာဇောများ..တစ်စ တစ်စ ပြောင်းလဲလာပုံ...ဇောစိတ်များ က ကံတရားနှင့်ပါတ်ဝန်းကျင်ကို တဖြည်းဖြည်းဖော်ဆောင်လာပုံ...ဘဝတစ်ခု အဆုံးသတ်ခါနီး နောက်ဆုံးထွက်သက်တွင် ကြီးမားသောစိတ်ဇောက ပရလောက သို့ တွန်းပို့လာပုံ...တို့ကို အာရုံမလွတ်တမ်း မြင်ရမည်ဖြစ်သည်။ 📖စာရေးသူမှာ ငယ်စဉ် သူမနေထိုင်ရာအိမ်မှစ၍ပရလောကအဆက်အသွယ်များကြုံခဲ့ရသော်လည်း နှစ်ကာလအပိုင်းခြားတော်တော်ကြာသည့်အထိ အဆက်ပြတ်နေခဲ့သည်။ ဟောပြောခြင်းများ ပြန်လည်လုပ်ကိုင်သည့် အသက်ပိုင်းခြားမှစ၍ ပရလောက အတွေ့ကြုံများ ပြန်လည်ရရှိလာခဲ့သည်။ အထုံဗီဇ အရ လူသားနှင့်ပရအကြားအခက်ခဲများကို ဖြေရှင်းသူတစ်ယောက်ဖြစ်လာခဲ့သည်။ စာရေးသူဂျူလီယာမြင့်သိန်း၏ ဖြည်ရန်ကျန်သောဆက်ထုံးများ စာအုပ်လေးကို စိတ်ပိုင်းဆိုင်ရာ နှင့်ပရလောက စပ်ဆက်မှုကို စိတ်ဝင်တစားလေ့လာလိုသူများ ဖတ်ရှူရန် သင့်လျော်လှသည်။

Product added to Cart
Copied