Country | |
Publisher | |
ISBN | 9789998651395 |
Format | PaperBack |
Language | Burmese |
Year of Publication | 2023 |
Bib. Info | 56p. ; 19x25cm. |
Categories | History |
Product Weight | 98 gms. |
Shipping Charges(USD) |
၁၉ ရာစုတွင် မြန်မာဘုရင်တို့သည် အင်္ဂလိပ်တို့နှင့် စစ်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့သည်။ ၁၈၂၄ ခုနှစ် ပထမ အင်္ဂလိပ် - မြန်မာစစ်ပွဲတွင် သွေးမြေကျမှုများ ဖြစ်ပွားခဲ့ပြီးနောက် ရခိုင်နှင့် တနင်္သာရီဒေသများကို ပထမဆုံးအကြိမ်အဖြစ် လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ ၁၈၅၂ ခုနှစ်တွင် ဖြစ်ပွား ခဲ့သည့် ဒုတိယ အင်္ဂလိပ် - မြန်မာစစ်ပွဲတွင် ရန်ကုန်အပါအဝင် အောက်မြန်မာပြည်ကို လက်လွှတ် ဆုံးရှုံးခဲ့ရပြန်သည်။ အထက်မြန်မာနိုင်ငံကို အုပ်ချုပ်သော မင်းတုန်းမင်းသည် သူ့ပိုင်နက်နယ်မြေကို ထပ်မံမဆုံးရှုံးစေရန် နိုင်ငံရေး၊ သံတမန် ရေး စသည့် နည်းလမ်းများကို ကျင့်သုံးခဲ့သလို စစ်ရေး အနေအထားကိုလည်း ခေတ်မီ ခိုင်မာ တောင့်တင်းရန် ကြိုးပမ်းခဲ့ရာ အထက်မြန်မာနိုင်ငံကို ရောက် နိုင်သည့်တစ်ခုတည်းသောလမ်းကြောင်းတွင် ခေတ်မီခံတပ် ငါးခု တည်ဆောက်ခဲ့သည်။ ဤစာအုပ် တွင် ထိုခေတ်က တည်ဆောက်ခဲ့သော မင်းလှခံတပ်၊ ဂွေးချောင်းခံတပ်၊ ဆင်ကျုံးခံတပ်၊ အစေခံ ခံတပ်နှင့် သပြေတန်းခံတပ်များအကြောင်းအပြင် ဗြိတိသျှလက်အောက် မြန်မာနိုင်ငံရှိ မြန်မာခံတပ် များဖြစ်သော သရက်၊ တောင်ငူ၊ မော်လမြိုင်၊ စစ်တွေနှင့် ရန်ကုန်မြို့များရှိ ခံတပ်များအကြောင်းနှင့် နှစ်ဆယ်ရာစု ကာကွယ်ရေးအစီအစဉ်များကို ခံတပ်ဖွဲ့စည်းပုံဒီဇိုင်း၊ ကာကွယ်ရေးစနစ်၊ ထူးခြား ချက်၊ ခံတပ်ဆိုင်ရာဝေါဟာရရှင်းလင်းချက်များနှင့်တကွ ရှင်းလင်းရေးသားထားသည်။