focus in
# 867793
USD 15.00 (Book Not in Ready Stock, will take 45-60 days to source and dispatch)
- +

မုဒြာမြိုင် (ပုံနှိပ်မှတ်တမ်း ပထမအကြိမ်ဖြစ်မှသာ)

Author :  ညီလေးငယ်

Product Details

Country
Myanmar
Publisher
ဦးပြည့်အာကာ
ISBN 9782023000601
Format PaperBack
Language Burmese
Year of Publication 2023
Bib. Info 288p.
Categories Literature
Product Weight 285 gms.
Shipping Charges(USD)

Product Description

ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့က‌လေးကို နောက်ခံထားပြီး ရေးဖွဲ့ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်.... 🌼 ” မုဒြာမြိုင် ” ဟာ နာမည်နဲ့လိုက်အောင်ပဲ သိမ်မွေ့နူးညံ့တယ် ။ ထို့နည်းတူစွာ သူ့အကြောင်းဟာ အရမ်းကို သိုဝှက်နက်နဲလွန်းလှတယ်။ သူ့ရင်ထဲမှာ ဘာတွေရှိနေလဲ ။ သူဟာ ဘယ်လိုအမျိုးသမီးမျိုးလဲဆိုတာ နှစ်ပေါင်း‌၃၀ကျော် အတူနေလာတဲ့သူတောင် ခန့်မှန်းဖို့မလွယ်ဘူး ။ 🌼 မြိုင့်ရဲ့ အတ္တတွေ ၊ မာနတွေ ၊ ချစ်ခြင်းတွေဟာ အရိပ်တွေလို ဒီဇာတ်လမ်းထဲမှာ ဝဲပျံပြီး လွင့်မျောနေတယ်။ သူနဲ့ ပတ်သတ်ဆက်နွယ်မိတဲ့သူတိုင်းကို သူဟာ အမြဲလိုလို လွှမ်းမိုးထားလေ့ရှိတယ်။ မုဒြာမြိုင်နဲ့ နန်းခမ်းရှန်ဆိုတဲ့ သူငယ်ချင်းနှစ်ဦးရဲ့ခင်မင်ဆက်နွယ်မှုကနေ စတင်ခဲ့တဲ့ အဖြစ်အပျက်တချို့ ၊ အဲ့ဒီမှသည် သူတို့ရဲ့ဘ၀ဖြစ်တည်မှုမှာ ထင်ဟပ်လာတဲ့ ကံတရား အပြောင်းအလဲများစွာ...... လူတွေဟာ ရေစက်ကြောင့်ဆုံခဲ့ပြီး ချစ်ကြ၊မုန်းကြ၊ပူလောင်ကြရတယ်။ အေးချမ်းမှုရှိတဲ့ ရေစက်တွေရှိသလို ကံတရားကြောင့် ပူလောင်မွန်းကြပ်ရတဲ့ ရှေးရေစက်တွေလည်း ရှိပါတယ်။ မုဒြာမြိုင်နဲ့ခမ်းတို့ရဲ့ ရေစက်တွေကကော ပူလောင်ရမှာလား ။ အေးချမ်းရမှာလားဆိုတာကတော့...... 🌼 မုဒြာမြိုင်ဆိုတဲ့ အမျိုးသမီးရဲ့ချစ်ခြင်း ၊ မုန်းခြင်း ၊ ပေးဆပ်ခြင်း ၊ နာကျည်းခြင်းနဲ့ သံယောဇဉ်မေတ္တာ ခံစားချက်မျိုးစုံ .....ဘ၀ အတက်အကျ အနိမ့်အမြင့်များစွာကို ဒီစာအုပ်ထဲမှာ စိတ်၀င်တစား ဖတ်ရှုရပါလိမ့်မယ်။ 🌼 အမျိုးသမီးတစ်ယောက် ၊ ဇာတ်ကောင်တစ်ယောက်၏ နာမည်ကို ဦးတည်ရေးဖွဲ့ထားသော ၀တ္ထုမျိုးကို မျှော်လင့်နေသူ ၊ စိတ်လှုပ်ရှားစရာ ဇာတ်လမ်းကိုမှ ဖတ်ချင်သူတွေအတွက် ဒီ၀တ္ထုက ဖတ်နေရင်း ပြီးလို့ပြီးမှန်း မသိတဲ့အထိ မျှော်လင့်ရကျိုးနပ်စေမှာပါ ။

Product added to Cart
Copied