Country | |
Publisher | |
ISBN | 9782023000625 |
Format | PaperBack |
Language | Burmese |
Year of Publication | 2023 |
Bib. Info | 144p. |
Categories | Literature |
Product Weight | 150 gms. |
Shipping Charges(USD) |
စိတ်၀င်စားဖွယ် ကယန်းရိုးရာ ၊ ကယန်းအလှနဲ့ကယန်းဒေသ ငွေတောင်ပြည်ကို နောက်ခံထားပြီး ရေးဖွဲ့ထားတဲ့ ဆရာမ ပျိုးရဲ့ လွမ်းမောစရာ ၀တ္ထု ‘ လွမ်းနေဦးမည့် ငွေတောင်ပြည် ‘ ကို မှတ်မိကြဦးမယ် ထင်ပါတယ်။ ၀တ္ထုထဲက ဇာတ်ကောင်တွေနဲ့အတူ လွမ်းမောရင်း လိုက်ပါခဲ့ရတဲ့ ဇာတ်လမ်းလေးဟာ ဇာတ်သိမ်းမှာ အေးစက်နေတဲ့ နှလုံးသားတစ်စံုကို ချန်ထားရစ်ခဲ့တယ်။ ‘ လွမ်းနေဦးမည့် ငွေတောင်ပြည် ‘ ကို ဖတ်ပြီးသူတိုင်း အခူးကို သနားတွယ်တာကြ ၊ ချစ်ခင်ကြတယ်။ အဲ့ဒီလို စာဖတ်သူတိုင်း ချစ်ခင်ပေးခဲ့ကြတဲ့ အခူးဆိုတဲ့ ကောင်လေးနဲ့ ငွေတောင်ပြည်ရဲ့နောက်ဆက်တွဲ ၀တ္ထုကို ထပ်မံပြီး ရေးဖွဲ့ဖန်တီးလိုက်ပါတယ်။ ပထမပိုင်းမှာ အခူးရဲ့ အမေဟာ သူ့ညီမလေးကို ခေါ်ပြီး အခူးတို့သားအဖကို ဘာကြောင့်ထားခဲ့တာလဲ....ကြယ်ကလေးရွာကနေ သွေးစွန်းနေတဲ့ အကျီ ်ကလေးသာ ထားခဲ့ပြီး အခူးဟာ ဘာကြောင့် ပျောက်ချင်းမလှ ပျောက်သွားခဲ့ရသလဲ ဆိုတဲ့ အပိုင်းအစလေးတွေနဲ့ ပဟေဠိဆန်စွာ ကျန်ခဲ့ရတယ်။ နောက်ဆက်တွဲမှာေကာ ဒီအပိုင်းအစလေးတွေဟာ ဘယ်လိုဆက်စပ်ရင်း ဖြေသိမ့်စရာ ဇာတ်လမ်းလေး ဖြစ်လာလေမလဲ.... ကုန်ဆုံးသွားပြီဖြစ်တဲ့ အခူးရဲ့မိခင် ၊ သူ့ရဲ့ညီမလေး ၊ အခူးနဲ့ ယမင်းယွန်းဟေသာတို့ရဲ့ ကံကြမ္မာ ရေစက်ဟာ ပြန်လည်ဆုံတွေ့ကြဦးမှာလား .... အလွမ်းတွေနဲ့ အေးစက်စွာ ဝေးကွာခဲ့ရတဲ့ နှလုံးသားဟာ အလွမ်းေတွကြောင့်ပဲ ပြန်လည် နွေးထွေးစေမှာလား.....