Country | |
Publisher | |
ISBN | 9720171893034 |
Format | PaperBack |
Language | Burmese |
Year of Publication | 2024 |
Bib. Info | 204p. |
Categories | Literature |
Product Weight | 205 gms. |
Shipping Charges(USD) |
၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ ” နတ်သမီးတောင်ပံ ” စာအုပ်ထဲက နတ်သမီးတောင့် ဝတ္ထုတိုလေးရဲ့ ခေါင်းစဉ်အောက်မှာ ဇာတ်ကောင် ၆ ယောက်ရှိခဲ့ပါတယ်။ ရုပ်ရှင်မင်သမီး၊သင်္ဘောတက်ရာက အိမ်ပြန်လာသူ ၊ ပဲပြုတ်သည်မလေး၊ လက်ထောက်ဆရာဝန်၊ အိမ်ကထွက်ပြေးလာတဲ့ ကောင်လေးနဲ့ ဒီနေ့မှ မင်္ဂလာဆောင်ပြီးရာကပြန်လာတဲ့ သတို့သားဇာတ်ကောင်တွေပါ။ ရုပ်ရှင်တွေမှာလိုဆိုရင် Season 2 သဘောမျိုးလို့ပဲ ပြောရမလား အဲဒီဇာတ်ကောင် ၆ ယောက်ကို လုံးချင်းဝတ္ထုရှည် အဖြစ်ပြန်လည်အသက်သွင်းပြီး သူတို့ရဲ့ဘဝတွေအကြောင်း ဟိုးအတွင်းအနက်နက်အထိ ထပ်မံဆင်းသက်ကြည့်ထားတဲ့ လုံးချင်းဝတ္ထုကို ဖတ်ရှုရမှာဖြစ်ပါတာ်။ Plot structure တွေက ချိတ်ဆက်မှု မြန်ဆန်ပြီး တစ်ခန်းပြီးတစ်ခန်းမှာ စာဖတ်သူတွေကို ဆက်တိုက်နားချိန်မပေးတဲ့ ဝတ္ထုလို့ပြောလို့ရပါတယ်။ ဇာတ်ကောင် တစ်ယောက်ချင်းစီရဲ့ ဘဝနေထိုင်မှုနဲ့ စိတ်သဘောထားတွေကို ပိုင်ပိုင်နိုင်နိုင်နဲ့ အချိတ်ဆက်မိမိ တွဲစပ်ရေးသားထားတဲ့အတွက် ရသမျိုးစုံခံစားရစေနိုင်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။ “အမှောင်ဘက်ခြမ်းကနေ မီးရောင်အောက်ကို ရောက်တဲ့အခါ ပြုံးရယ်ပြလိုက်ဖို့၊လက်ဆွဲနှုတ်ဆက်ဖို့ ပြီးတဲ့အခါမှာတော့ တခြားသူဘဝကို ကိုယ်မဟုတ်တဲ့အတွက် မစာမနာ လက်ညှိုးထိုးရယ်မောလိုက်ပြီး ကိုယ့်စိတ်မလုံခြုံမှုကို ဖုံးကွယ် အရောင်တင်လိုက်ဖို့ လောကဟာသရုပ်ဆောင်တွေ ပြည့်နှက်နေတဲ့ အစစ်အမှန် ရုပ်ရှင်တစ်ကားပါပဲ။ ” တချို့အခန်းတွေမှာ ဇာတ်ကောင်သဘောသဘာဝအရဆဲဆိုတဲ့ အရေးအသားစကားလုံးတွေ ပါဝင်တာကြောင့် အသက် ၁၃နှစ်အောက် ကလေးငယ်များ ဖတ်ရှုရန်မသင့်တော်ပါ။