Country | |
Publisher | |
ISBN | 9697006061251 |
Format | PaperBack |
Language | Burmese |
Year of Publication | 2024 |
Bib. Info | 136p. |
Categories | Literature |
Product Weight | 165 gms. |
Shipping Charges(USD) |
ဝတ္ထု၏ပင်မဇာတ်ကောင်မှာ ဆေးရုံတစ်ရုံရှိ ကြည်ကြည်ဆိုသည့် သာမန်သန့်ရှင်းရေးဝန်ထမ်း အမျိူးသမီးကလေး ဖြစ်သည်။ သာမန်သန့်ရှင်းရေးဝန်ထမ်းဖြစ်သော ကြည်ကြည်၏ မြင့်မြတ်သော၊ ရဲရင့်သော၊ လူသားဆန်သော၊ သူရဲကောင်းဆန်သော စွမ်းဆောင်မှုအကြောင်းများ ဖြစ်လေသည်။ ဝတ္ထု၏ကြောရိုးမှာ ဆေးရုံ လာတက်သော မောက်မာရက်စက်သည့် ဂုဏ်ကြီးရှင် ပညာတတ်အမျိူးသမီးတစ်ဦး၏ ညှင်းပန်းနှိပ်စက်မှုကို အရွယ်နှင့်မလိုက်အောင် ခံစားနေရရှာသည့် ၁၃ နှစ်အရွယ် အိမ်ဖော်မလေးတစ်ဦးအား အမှောင်ထု ငရဲခန်းမှ လွတ်မြောက်အောင် ကြည်ကြည် ဦးဆောင်သည့် အောက်ခြေ သန့်ရှင်းရေးဝန်ထမ်း အမျိူးသမီးတစ်စုတို့က ခက်ခက်ခဲခဲ ကယ်ထုတ်ပုံကို လှပသေသပ်စွာ ရေးဖွဲ့ထားခြင်းဖြစ်သည်။ ဤ၀တ္ထု၏ ဇာတ်ကောင်ဖြစ်သူ ကြည်ကြည်သည် မိုးကောင်းကင်ပေါ်က လူတန်းစားမဟုတ်၊ တွေဝေသူ ပညာတတ်မဟုတ်၊ ရေပေါ်ဆီ လူ့မလိုင်မဟုတ်၊ ရာထူးဂုဏ်သိန်ရှိသူမဟုတ်၊ သာမန် အောက်ခြေလူတန်းစားသာဖြစ်သည်။ သို့သော် ကြည်ကြည်သည် မိုးကောင်းကင်ပေါ်က လူတန်းစားများ၊ တွေဝေသူပညာတတ်လူတန်းစားများ၊ ရာထူးဂုဏ်သိန်ရှိ လူတန်းစားများ၏ မတရားဖိနှိပ်ချူပ်ချယ် နှိပ်စက်ညှင်းပန်းမှုကို ခံနေရရှာသော အောက်ခြေနင်းပြား ကျောမွဲလူတန်းစားဖြစ်သူ ကလေးမလေးတစ်ယောက်ကို ငရဲတွင်းမှ ကယ်ထုတ်ခဲ့သည့် မြင့်မြတ်သောအလုပ်ကို လုပ်ခဲ့သူဖြစ်သည်။ ကြည်ကြည်သည် အမှန်တကယ်တော့ မိုးကောင်းကင်ဖြစ်သည် ၊ ကြာဖြူပွင့်ဖြစ်သည်၊ နေဝန်းနီဖြစ်သည်၊ အာဇာနည်ဖြစ်သည်၊ အဘိဓမ္မာဖြစ်သည်၊ လူသားစစ်စစ်လည်း ဖြစ်သည်၊ သန့်ရှင်းသောဝိဉာဉ်တော်ဖြစ်သည်၊ လူတန်းစားတိုက်ပွဲတွင် ကျောမွဲနင်းပြားတို့ဖက်က ရပ်တည်တော်လှန်ခဲ့သော တော်လှန်ရေးသမားလည်း ဖြစ်သည်၊ ထိုအချက်တို့ကို စာရေးဆရာမှ မီးမောင်းထိုးဖန်တီးတင်ပြထားပါသည်။