focus in
# 869208
USD 12.00 (Book Not in Ready Stock, will take 45-60 days to source and dispatch)
- +

ရွှေဖီဖူး ပေါ်ရော့မယ်လေလေ့ မေ့ရက်ကယ် နေနိုင်တယ် (ချိုအေးသံဝါ၊ လက်ဖျားကဗျာ၊ ပုံရိပ်လွှာဝတ္ထုတိုစု)

Author :  နုနုရည် (အင်းဝ)

Product Details

Country
Myanmar
Publisher
ဦးစန်းဦး
ISBN 9789997133496
Format PaperBack
Language Burmese
Year of Publication 2024
Bib. Info 216p.
Categories Literature
Product Weight 230 gms.
Shipping Charges(USD)

Product Description

...သူဟာ မဟာဂီတမှာ ကျမအကြိုက်ဆုံး အနှစ်သက်ဆုံးအမျိုးသမီး အဆိုတော်ပါ။ ကျမဟာ မနက်လက်ဖက်ရည်ချိန်မှာလဲ စောင်းနဲ့ ပတ္တလားနဲ့ တွဲဖက်ပြီး သူဆိုထားတဲ့ မဟာဂီတကို နားထောင်ရမှ၊စာမရေးခင် စာရေးဖို့ အာရုံခံတဲ့ အချိန်မှာလည်း နားထောင်ရမှပါ။ ကျမနဲ့သူနဲ့ စကားတွေအများကြီးပြောဖူးတယ်၊အကြာကြီးပြောဖူးတယ်။ ကျမဆီကို သူအလုပ်အားတဲ့ ညဖက်တွေဆိုစောင်းကလေးပိုက်ပြီး ရောက်လာတတ်တာလေ...။ ကျမတို့ စကားလက်ဆုံကျသမျှတွေကို ဝတ္ထုရေးဖို့ စာရေးဖို့ ရည်ရွယ်ခဲ့တာမဟုတ်ပေမဲ့ သူ့ရဲ့ အညာသူလေသံ၊ဟန်ပန်၊ ပြောပုံ ဆိုပုံတွေကိုက ဝတ္ထုတပုဒ်လိုဖြစ်နေလေတော့ ကျမက (သူ့ကိုခွင့်တောင်းပြီး) ဝတ္ထုရေးမိတယ်၊ဒီဝတ္ထုလေးဟာ ကျမရဲ့ ဝတ္ထုတို/ဝတ္ထုရှည်ပေါင်းချုပ်စာအုပ်လေးတွေထဲမှာ တခါမှ မပါဘူးရှာသေးလေတော့ ကျမရေးဖူးခဲ့သမျှ ထုတ်ဖူးခဲ့သမျှ ဂီတ၊သဘင်၊ရုပ်ရှင် အနုပညာလောကနဲ့ ဆက်စပ်ထင်ဟပ်တဲ့ တခြားဝတ္ထုလေးတွေနဲ့အတူ ထုတ်ဝေလိုက်တာပါ။ ၂၀၂၄ နှစ်သစ်အစမှာ ထွက်လာမဲ့ ဒီစာအုပ်လေးရဲ့ နောက်ထပ် အမှတ်တရ တခုကတော့ ကျမရဲ့ ပထမဆုံးဝတ္ထုတိုလေး “ထဘီလေးတထည်”(ပေဖူးလွှာမဂ္ဂဇင်း၊မတ်လ၊၁၉၈၄) နှစ်(၄၀)ပြည့်နဲ့ နုနုရည်အင်းဝရဲ့ စာရေးသက် နှစ်(၄၀)ပြည့်ဖြစ်နေတာပါဘဲ...။ ဒီဝတ္ထုတိုစု စာအုပ်လေးရဲ့ခေါင်းစဉ်ကိုတော့ “နွေဦး”ကိုဖွဲ့တဲ့ ...မဟာဂီတ သီချင်းတစကို ကျမပေးမိပါတယ်။ ကျမ နှလုံးသားကို ထိခိုက်စေတဲ့ အဲဒီနွေဦးအဖွဲ့လေးက မြဝတီမင်းကြီးဦးစရဲ့”ဘုံပျံနေနန်း” ပတ်ပျိုးထဲကပါ။ “ရွှေဖီဖူး ပေါ်ရော့မယ်လေလေ့ မေ့ရက်ကယ်နေနိုင်တယ်...”တဲ့...။

Product added to Cart
Copied