focus in
# 870177
USD 15.00 (Book Not in Ready Stock, will take 45-60 days to source and dispatch)
- +

မိမိကိုယ်ကို တန်ဖိုးမြှင့်တင်ခြင်း (တိုးတက်ရေးနှင့် ဘဝနေနည်းစာစုများ)

Author :  မြင့်မြင့်ခင်

Product Details

Country
Myanmar
Publisher
ဦးဟိန်းဇော်
ISBN null
Format PaperBack
Language Myanmarese
Year of Publication 2023
Bib. Info 267p.
Categories Psychology
Product Weight 340 gms.
Shipping Charges(USD)

Product Description

မိမိကိုယ်ကိုတန်ဖိုးထားခြင်းဆိုတာ မိမိကိုယ်ကိုလေးစားခြင်းပါ။ သင့်ကိုယ်သင် လေးစားဖို့အတွက် တန်ဖိုးရှိတဲ့သူဖြစ်အောင်လုပ်ပါ။ တန်ဖိုးရှိသူဆိုတာ ကိုယ်ကျင့်တရားကောင်းမွန်ခြင်း၊ လူ့ကျင့်ဝတ်ကို လိုက်နာမှုရှိခြင်း၊ စည်းကမ်းရှိခြင်း၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိခြင်း၊ စိတ်ကောင်းရှိခြင်း၊ ရိုးသားခြင်း၊ ဘာသာတရားကို လေးစားယုံကြည်ခြင်း၊ စိတ်ထိန်းချုပ်နိုင်ခြင်းစတဲ့တန်ဖိုးတရားတွေကို လေ့ကျင့် တည်ဆောက်ထားတဲ့သူပါ။သင့်ကိုယ်သင်လေးစားတတ်ဖို့ သင့်ရဲ့အဆင့်အတန်းကိုမြှင့်တင်ပါ။ ကိုယ့်ဘဝကိုယ် ဖြစ်ချင်ရာဖြစ်ဆိုပြီး နေချင်သလိုနေကြသူတွေဟာ သူတို့ကိုယ်သူတို့တန်ဖိုးမရှိသူအဖြစ်နေကြတဲ့အတွက် သူတို့ကိုယ်သူတို့ လေးစားမှုမရှိသလို လူအများရဲ့လေးစားမှုကိုလည်း ဘယ်တော့မှရကြမှာမဟုတ်ပါဘူး။ တန်ဖိုးရှိသူဖြစ်ဖို့တန်ဖိုးကြီးတဲ့ပစ္စည်းတွေကိုပဲ ဝယ်သုံးရမယ်လို့ ဆိုလိုတာမျိုးမဟုတ်ပါဘူး။ ကိုယ်နဲ့လိုက်ဖက်မှုရှိမယ့် ကိုယ့်တန်ဖိုးကိုမြှင့်တင်ပေးမယ့် တန်ဖိုးရှိတဲ့သူတစ်ယောက်ဖြစ်ဖို့ ဆိုလိုခြင်းဖြစ်ပါတယ်။သူဌေးကြီးလီကာရှင်းကလည်း အခုလိုပြောတယ်။ “တန်ဖိုးရှိတဲ့ပစ္စည်းတွေသုံးနေလို့ တန်ဖိုးရှိသူ မဖြစ်ပါဘူး။ လူသားကောင်းကျိုးဆောင်ရွက်နိုင်မှ တကယ့်တန်ဖိုးရှိသူပါ” လို့ဆိုထားပါတယ်။ တန်ဖိုးရှိသူဖြစ်ချင်ရင် တန်ဖိုးရှိသူအဖြစ်ပြုမူနေထိုင်ပါ။ သင့်ရဲ့အပြောအဆို၊ အမူအကျင့်၊ အပြုအမူ လှုပ်ရှားမှုမှန်သမျှ အဆင့်အတန်းရှိပါစေ။ သင့်တန်ဖိုးကိုသင်မြှင့်တင်ပါ။ တန်ဖိုးရှိသူတစ်ဦးလိုပြုမူနေထိုင်ပါ။ အများအကျိုးအတွက် ဆောင်ရွက်ပေးပါ။ သင့်ကိုယ်သင်တန်ဖိုးထားပါ။ သင့်ရဲ့တန်ဖိုးကို သင်ကိုယ်တိုင်သတ်မှတ်ပါ။ သင့်ရဲ့တန်ဖိုးကို ငွေနဲ့မသတ်မှတ်ပါနဲ့။ ငွေနဲ့အောင်မြင်မှုထက် အရေးကြီးတာက တန်ဖိုးရှိသူဖြစ်ဖို့ပါ။ အောင်မြင်မှုက ကြိုးစားလို့ရပေမဲ့ တန်ဖိုးရှိသူဖြစ်ဖို့က တန်ဖိုးရှိအောင်နေမှရမယ်။ “အောင်မြင်သူ တစ်ယောက်ဖြစ်ဖို့ထက် တန်ဖိုးရှိသူတစ်ယောက်ဖြစ်အောင် ကြိုးစားပါ” လို့ အိုင်းစတိုင်းက ဆိုထားပါတယ်။ သင့်ကိုယ်သင် တန်ဖိုးရှိသူတစ်ယောက်လို့ မခံစားသေးသရွေ့ သင့်ကိုဘယ်သူကမှ တန်ဖိုးထားမှာ မဟုတ်ပါဘူး။ ဆရာမမြင့်မြင့်ခင်ရဲ့ “မိမိကိုယ်ကို တန်ဖိုးမြှင့်တင်ခြင်း”စာအုပ်မှ ကောက်နုတ်ထားတာဖြစ်ပါတယ်။ ဒီစာအုပ်မှာ ကိုယ့်ကိုယ်ကိုယ်သိခြင်းနှင့် ဘ၀နေနည်း၊ လူ့ကျင့်၀တတ်နှင့် လူမှုဆက်ဆံရေး၊ အချိန်အသုံးချခြင်းနှင့် ရည်မှန်းချက်ရယူခြင်း၊ သင်ယူလေ့လာခြင်း၊ စိတ်စွမ်းအားနှင့် ယုံကြည်မှုအသုံးချခြင်း၊ ကိုယ့်ကိုယ်ကိုယ်တိုးတက်အောင်မြင်အောင် လုပ်ဆောင်ခြင်း ဆိုတဲ့ အပိုင်း (၅) ပိုင်းပါဝင်ပြီး တိုးတက်ရေးနှင့် ဘ၀နေနည်းစာစုတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။

Product added to Cart
Copied