focus in
# 870204
USD 18.75 (Book in Stock, will be dispatched ASAP)
- +

စွန့်ဦးတီထွင်မှုပညာ (လုပ်ငန်းသစ်တစ်ခု စ‚တင်ထူထောင်ခြင်း) (Entrepreneurship)

Author :  ပြည့်ဖြိုးမောင်

Product Details

Country
Myanmar
Publisher
ပန်းဆက်လမ်း
ISBN 9794318012534
Format PaperBack
Language Myanmarese
Year of Publication 2024
Bib. Info 464p.
Categories Business/Management
Product Weight 540 gms.
Shipping Charges(USD)

Product Description

၂၁ ရာစုမှာ ပြောင်းလဲတိုးတက်လာမှုတွေနဲ့အတူ စီးပွားရေးလုပ်ငန်းသစ်တွေ များစွာ ပေါ်ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ လုပ်ငန်းအများစုဟာ ကြာရှည်မရပ်တည်နိုင်ကြဘဲ စတင်တည်ထောင်ပြီး နှစ်အနည်းငယ်အတွင်းမှာ ရာခိုင်နှုန်းအတော်များများ ပြိုလဲသွားခဲ့ကြတယ်။ ဒါဟာ ဘာကြောင့်လဲ။ ဒါဟာ ဘာကိုဖော်ပြနေသလဲဆိုရင် လုပ်ငန်းသစ်တစ်ခု စတင်ဖို့၊ ဒီလုပ်ငန်းကို ရှင်သန်အောင် ထူထောင်နိုင်ဖို့၊ ရေ ရှည်ရပ်တည်နိုင်ဖို့၊ တိုးတက်အောင် လုပ်ဆောင်နိုင်ဖို့ဆိုတာ စိတ်ကူးစိတ်သန်းကောင်းတွေ၊ ပြင်းပြတဲ့ စိတ်ထားတွေ၊ လုပ်ချင်စိတ်တွေနဲ့တင် လုပ်ငန်းသစ်တစ်ခုကို ရေရှည်တည်တံ့အောင် ထူထောင်နိုင်ဖို့ မဖြစ်နိုင်ဘူးဆိုတာပါပဲ။ စီးပွားရေးလုပ်ငန်းတစ်ခု အောင်မြင်စွာ ထူထောင်နိုင်ဖို့အတွက် ဆိုတာက စိတ်ကူးစိတ်သန်းကောင်းတွေ၊ ပြင်းပြတဲ့စိတ်ထားတွေ လိုအပ်သလို၊ သက်ဆိုင်ရာလုပ်ငန်းအတွက် ရှိသင့်တဲ့ လုပ်ငန်းကျွမ်းကျင်မှုတွေ၊ ဗဟုသုတတွေ၊ အခွင့်အလမ်းကောင်းတွေကို အမိအရ ဆုပ်ကိုင်နိုင်မှုတွေ၊ မိမိမှာရှိတဲ့ အရင်းအမြစ်တွေကို ထိထိရောက်ရောက် အသုံးချနိုင်မှုတွေ၊ စျေးကွက်ဗဟုသုတတွေ၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုတွေ လိုအပ်ပါတယ်။ ဒီလိုကျွမ်းကျင်မှုတွေ၊ ဗဟုသုတတွေကို တစ်နေရာထဲမှာ စုပေါင်းပြီး လေ့လာရတဲ့ ဘာသာရပ်ကတော့ Entrepreneurship ဘာသာရပ်ပဲဖြစ်ပါတယ်။ ယခုစာအုပ်မှာ စွန့်ဦးတီထွင်မှုပညာနဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ ဖော်ပြထားသလို စီးပွားရေးလုပ်ငန်းသစ်တစ်ခုကို ဘယ်လိုစတင်ထူထောင်ရမလဲဆိုတဲ့ အချက်အလက်တွေကို ပြည့်စုံစွာ ရေးသားဖော်ပြထားပါတယ်။

Product added to Cart
Copied