Country | |
Publisher | |
ISBN | null |
Format | HardBound |
Language | Burmese |
Year of Publication | 2024 |
Bib. Info | 144p. |
Categories | Literature |
Product Weight | 265 gms. |
Shipping Charges(USD) |
လူ့ရဲ့သဘောသဘာဝက ကိုယ်တန်ဖိုးထားတဲ့အရာ..လူတွေအပေါ်မှာ အရိပ်တကြည့်ကြည့်ကြည့်ပြီး ချစ်နေတတ်ပါတယ်။တန်ဖိုးထားလို့ကို ချစ်နေမိတာမျိုးပေါ့။သူ့အရိပ်ကလေးမြင်ရရင်ကို ကိုယ့်နှုတ်ခမ်းမှာ အပြုံးပွင့်လေး ပွင့်လာစေတာမျိုး..။ သူစကားပြောနေတာလေးကိုငေးကြည့်ပြီး..သူ့နားရွက်ဘေးက ဆံပင်လေးတွေကို တယုတယ သိမ်းသပ်ပေးရတာကိုက ရင်ခုန်လှိုက်မောစရာကောင်းနေတာမျိုးပါ။ကိုယ်တန်ဖိုးထားတဲ့အရာလေး ထိရှကွဲကြေသွားမှာကို စိုးရိမ်တတ်သလိုမျိုးပဲ..ကိုယ်တန်ဖိုးထားတဲ့သူရဲ့ စိတ်နှလုံးကို ထိခိုက်ကွဲရှမဖြစ်စေရအောင်..ဒါဏ်ရာအနာတရမဖြစ်စေရအောင်..ချစ်နေပေးပါ။ဒါဏ်ရာတွေထဲမှာ မုန်းလို့ပေးတဲ့ဒါဏ်ရာနဲ့ ချစ်လို့ပေးတဲ့ဒါဏ်ရာဟာ..နာကျင်ရတာချင်းတော့ အတူတူပါပဲ။ ချစ်လို့ဆိုပြီး..ရက်ရက်စက်စက် စကားလုံးတွေနဲ့ စိတ်တိုင်းကျ ပစ်ပေါက်ပြီးမှ တောင်းပန်တာ..သံသယတွေနဲ့ ကြည့်ပြီး..ဟိုလူနဲ့စိတ်မချတာ..ဒီလူနဲ့ သဝန်တိုတာစွပ်စွဲတာစတဲ့ အပြုအမူတွေဟာတန်ဖိုးထားလို့ ချစ်တာနဲ့ လုံးဝမတူပါဘူး။တန်ဖိုးထားတယ်ဆိုရင် ယုံကြည်စိတ်ချမှုလည်း ရှိပါတယ်..။ ယုံကြည်တဲ့နောက်မှာ..စိတ်မချရခြင်းတွေ..သဝန်တိုရခြင်းတွေ..စွပ်စွဲခြင်းတွေဆိုတာ မရှိနိုင်တော့ပါဘူး။ တကယ်တန်ဖိုးထားတယ်ဆိုရင်..စိတ်ချယုံကြည်စွာ ချစ်နေပေးပါ..။