Country | |
Publisher | |
ISBN | 9789998657403 |
Format | PaperBack |
Language | Myanmarese |
Year of Publication | 2025 |
Bib. Info | 234p. ; 14x21cm. |
Categories | Literature |
Product Weight | 306 gms. |
Shipping Charges(USD) |
သူငယ်တန်းမှ အထက်တန်းထိ မန္တလေးမြို့တွင် ပညာသင်ကြားခဲ့သလို အလုပ်ဝင်ချိန် တွင်လည်း မြို့လယ်တွင် (၁၇) တာ နေထိုင်ကျင်လည်ခဲ့သူ စာရေးသူက သူတွေ့ကြုံခဲ့ရသော လူ များ၊ နေရာများ၊ ရှုခင်းများကို မှတ်မှတ်ရရ ခံစားမှုများဖြင့် အက်ဆေးပုံစံ၊ ရုပ်ပုံလွှာပုံစံ ဖွဲ့ဆိုထား ခြင်း ဖြစ်သည်။ သူ့ဘဝ သူ့အကြောင်းအပြင် မြန်မာမှုဒီဇိုင်းသုတေသီ ဦးအေးမြင့်၊ ဓာတ်ပုံ ဦးချစ်ဝိန် ၊ ဆရာတော်ဦးပညာ၊ ပန်းပုအနုပညာရှင် ဦးအောင်မင်း၊ ပန်းချီဆရာ မုတ်သုံ၊ ပန်းချီဆရာ ဘိုစော၊ စာရေးဆရာညီပုလေး၊ မော်ဒန်ကဗျာဆရာ ခင်ဇော်မြင့် အပါအဝင် အနုပညာရှင်များနှင့် ထိတွေ့ ပတ်သက်ခဲ့မှုများအကြောင်း၊ မန္တလေးညဈေးတန်း၊ မန္တလေးနန်းတော်ရှေ့၊ မန္တလေးမြို့ ညမိုးချုပ်၊ အမရပူရ ဦးပိန်တံတားဝန်းကျင် ရှုခင်းများအကြောင်းကို မုတ်သုံ၊ ဇာနည်၊ အာချီ၊မာန်ဦး၊ ဇော်မိုး သည်း၊ Ancient Moris John တို့၏ ရောင်စုံပန်းချီများနှင့်အတူ ဖတ်ရှုကြရမည် ဖြစ်သည်။ ၂၀၂၅၊ မတ်၊ ၂၈ ငလျင်လှုပ်ပြီးနောက် မန္တလေးမြို့ရှုခင်းကိုလည်း ဓာတ်ပုံအယ်လ်ဘမ် တစ်ခုအနေနှင့် လည်း ထည့်သွင်းဖော်ပြထားသည်။