focus in
# 916797
USD 72.00 (Book Not in Ready Stock, will take 45-60 days to source and dispatch)
- +

လဆီးဘောက်နော် - ကျော်ကြားထင်ရှား ကချင်မှတ်တိုင်များ (ဒုတိယကမ္ဘာစစ်အတွင်းမှ အဖြစ်အပျက်များ) (အတွဲ ၁ + ၂)

Author :  လဆီးဘောက်နော်

Product Details

Country
Myanmar
Publisher
ဦးကျော်ကျော်လှိုင်
ISBN 9789998657472 ; 9789998657489
Format PaperBack
Language Myanmarese
Year of Publication 2025
Bib. Info 714p. ; 19x25cm.
Categories Biography/Memoirs
Product Weight 1166 gms.
Shipping Charges(USD)

Product Description

ဖက်ဆစ်ဂျပန်စစ်သည်တော် မြန်မာနိုင်ငံသို့ ကျူးကျော်ဝင်ရောက်လာ ကတည်းကပင် သောင်းဂဏန်းမျှ ကချင်ပြောက်ကျားများ မည်သို့အစွမ်းကုန် တိုက်ထုတ်ခဲ့ကြပုံ၊ ၁၈၈၅ ခုနှစ် သီပေါမင်းပါတော်မူပြီးနောက်ပိုင်း ကချင်များသည် နေမဝင်အင်ပါယာအား ပိုင်ဆိုင်ခဲ့ ကြသည့် ဗြိတိသျှအင်္ဂလိပ်များကိုလည်း နှစ်ပေါင်း (၄၂) တိုင်အောင် မည်ကဲ့သို့ ခုခံတိုက်ခိုက်ခဲ့ကြပုံ၊ အာသံ၊ မဏိပူရ စစ်ပွဲသို့ မဟာဗန္ဓုလနှင့် ကချင်တပ်များ မည်ကဲ့သို့ စစ်ချီတိုက်ခိုက် အနိုင်ယူခဲ့ပုံ၊ မြ န်မာ့လွတ်လပ်ရေးကို ရရှိနိုင်ရန်အတွက် ပင်လုံစာချုပ် ချုပ်ဆိုနိုင်ရန်အတွက် ကချင်နိုင်ငံရေး ခေါင်းဆောင်များ၏ အမြော်အမြင်ရှိရှိဖြင့် မည်သို့ကြိုးစားပါဝင်လုပ်ဆောင်ခဲ့ကြပုံ၊ စစ်သူရဲကောင်း သူရဘွဲ့ရ ကချင် လက်တင်နင်ဖော်ဝုမ်လတောင် (Lt.Hpauwung La Tawng)၊ အသက် ၁၄ နှစ်ရှိအညတရ ရဲဘော်လေး Ngai Tawng၊ ပြင်ဦးလွင်စစ်တက္ကသိုလ် DSA ကျောင်းအုပ်ဗိုလ်မှူးကြီး LAHPAI KHUN NAWNG (MC)၊ သန်းခေါင်းစာရင်း မင်းကြီးဝဏ္ဏကျော်ထင် Duwa Major Shan Lone (MC), Myitkyina D.C. LAHPAI Zau June (MC) & D.C Kumjr Tawng (MC). Die Hard ဗိုလ်သက်ပြင်း၊ Maji Tu (MC), နှင့် စာရေးသူ၏ ဖခင် Havildar Lasi Sam Naw (CMA) တို့ ကြောင်း၊ အဘယ်ကြောင့် အမေရိကန်သမ္မတ D.Eisenhower မှ Kachin Rangers များကို V.Battle HONORS ချီးမြှင့်ခဲ့ပုံ၊ နာမည်ကြီး LEDO လမ်းမကြီးအကြောင်း၊စတီးဝဲလ်လမ်းမကြီးတစ်လျှောက် နေထိုင်ကြသော တိုင်းရင်းသားလူမျိုးများအကြောင်း၊ ကုန်းဘောင်မင်းဆက် (၁၁) ဆက်နှင့် ကချင် ဒူဝါများ၏ ဆက်ဆံရေးအကြောင်း၊ စစ်သူကြီးမဟာဗန္ဓုလဟာ ကချင်လူမျိုး ဟုတ် / မဟုတ်၊ သမိုင်း တစ်လျှောက် ထူးချွန်ပြောင်မြောက်ခဲ့ကြသော ကချင်ဘုန်းတော်ကြီးများအကြောင်း၊ ကချင်လူမျိုး တို့ ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်သူများ မည်သို့ဖြစ်လာပုံ၊ ကချင်လူမျိုးတိုင်း သိရှိထား သင့်သော အရေးကြီးနေ့စွဲဖြစ်ရပ်များ၊ ဒုတိယကမ္ဘာစစ်အတွင်းမှ ကချင် - အမေရိကန်ပူးပေါင်းတပ် pะ (American Kachin Rangers Force), Northern Kachin Levies (NKL) o ကချင်ရဲဘော်များအကြောင်း၊ Dr. Gordon Seagrave နှင့် အတူတကွ လက်တွဲလုပ်ကိုင်ခဲ့ သောBronze Star ဆုရ ကချင်အမျိုးသမီးသူနာပြုများအကြောင်း၊ Chindits, Mars Task Force, Z Force and Australian အကြောင်းများနှင့် ဒုတိယကမ္ဘစစ်အတွင်း အရေးကြီးသော စစ်ဆင်ရေး ကာလတွင် အသုံးပြုခဲ့သော အော်ပရေးရှင်းများအကြောင်း၊ ဒေသခံကချင်လူမျိုးအပေါ်မှာ ဖိနှိပ် ချုပ်ချယ်၊ အနိုင်ကျင့် နှိပ်စက်ကလူ ပြုမူခဲ့သောကြောင့် ဖက်ဆစ်ဂျပန်တို့ မြန်မာပြည်ရဲ့ အရေးကြီး သော စစ်မျက်နှာမှာ မရှုမလှ ကျရှုံးခဲ့ရသည့်အကြောင်း၊ ကချင်ဒေသထွက်တန်ဖိုးမဖြတ်နိုင်သော သဘာဝသယံဇာတ၊ ပန်းမန်များနှင့် မြေရှားသတ္ထုအကြောင်း၊ အထူးသဖြင့် စစ်ကြိုခေတ်၊ စစ်ပြီးခေတ်၊ လွတ်လပ်ရေးခေတ်အထိ ခေတ်အဆက်ဆက် တာဝန်ကျေပွန်ခဲ့ကြသော ကချင်လူမျိုး များစွာထဲမှ ကျော်ကြားထင်ရှားသူများအကြောင်း အပါအဝင် ကချင်မြေ၊ ကချင်တိုင်းရင်းသားများ အကြောင်းကို အမှတ်တရဓာတ်ပုံများစွာဖြင့် ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်း လေ့လာမှုအမြင်၊ သုတေသနအထောက်အထားအကိုးအကားများနှင့်အတူ မှတ်တမ်းတင် ရေးသားထားသော စာအုပ် ဖြစ်သည်။

Product added to Cart
Copied