| Country | |
| Publisher | |
| ISBN | null |
| Format | PaperBack |
| Language | Myanmarese |
| Year of Publication | 2025 |
| Bib. Info | 204p. ; 14x21cm. |
| Categories | Literature |
| Product Weight | 238 gms. |
| Shipping Charges(USD) |
သောကဖြစ်ရသည့် အကြောင်းရင်းနှင့် လွတ်မြောက်ကျော်လွန်နိုင်သည့် နည်း လမ်းများကိုရေးဖွဲ့ထားသော ‘သောကကျီးကန်း' ဆောင်းပါး၊ သာသနာတော်အတွက် ရပ်ဝေးမြေ ခြား လာရောက် သာသနာပြုကြသော ဆရာတော်များ၏ ဇွဲ၊ လုံ့လနှင့် သာသနာပြုစိတ်ဓာတ်နှင့် ဗုဒ္ဓသာသနာကို ကမ္ဘာအနှံ့ ထွန်းကားပြန့်ပွားစေချင်သည့်ဆန္ဒကြောင့် ရေးဖွဲ့ထားသော ‘ဗုဒ္ဓ ရုပ်ပွားတော်မြတ်များရှေ့ဝယ်’ ဆောင်းပါး၊ မိဘများ၏ ကျေးဇူးကို သတိရသောအားဖြင့် မိဘများ၏ တိုက်တွန်းမှုကြောင့် ပဋ္ဌာန်း၊ အဘိဓမ္မာ၊ ဝိသုဒ္ဓိမဂ် သဘောတရားများကို ရေးဖွဲ့ထားသော ‘မိသုံးမိနှ င့် သ၊ သင်၊ သာ' ဆောင်းပါး၊ ယန်းပေါဆတ်၊ အဲဘတ်လ်ကမူး၊ ဆီမွန် ဒီဗူးဗွား တို့၏ အတွေးအမြင် အတွေးအခေါ်များနှင့် ယန်းပေါဆတ်နှင့် ဆီမွန် ဒီဗူးဗွားတို့အကြောင်း ရေးဖွဲ့ထားသော ‘ကျွန်မ၏သူ’ ဆောင်းပါး၊ အဲဘတ်လ်ကမူး၏ ဘဝဒဿနအကြောင်းအရာ ဝတ္ထုကို ခံစားရေးဖွဲ့ထား သော ‘ကျွန်တော်နှင့်အပြင်လူ' ဆောင်းပါး၊ ရှမ်းအရှေ့မြောက်ဒေသများဖြစ်သည့် မူဆယ်၊ လုံခမ်း၊ ကြူကုတ်၊ ကွတ်ခိုင်တို့တွင် နှစ်နှစ်တာမျှ တာဝန်ထမ်းဆောင်ခဲ့ရသည့် အမှတ်တရ အကြောင်းအရာ များကို ရေးဖွဲ့ထားသော ‘နွေးထွေးသောရပ်ဝန်း’ ဆောင်းပါး အပါအဝင် စာရေးသူရေးသားသည့် ဘဝအတွေ့အကြုံနှင့် အတွေးအမြင်ဆောင်းပါးများ ပါအမှတ်တရစာစုလေးများကို ဖတ်ရှုရမည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်သည်။