| Country | |
| Publisher | |
| ISBN | 9789998605831 |
| Format | PaperBack |
| Language | Myanmarese |
| Year of Publication | 2026 |
| Bib. Info | 236p. ; 14x21cm. |
| Categories | Biography/Memoirs |
| Product Weight | 244 gms. |
| Shipping Charges(USD) |
သင်္ဘောသားဘဝဆိုတာ ငွေရတာ တစ်ခုတည်းလား၊ သူတို့ရဲ့ နေ့စဉ်ဘဝမှာ ဘယ်လို အခက်အခဲတွေ ရှိသလဲ၊ လူမသိတဲ့ သင်္ဘောပေါ်က လောကဓံ အနိမ့်အမြင့်များအကြောင်းကို သင်္ဘောကပ္ပတိန်ရာထူးဖြင့် လုပ်ကိုင်လျက်ရှိသူ စာရေးသူက ရင်ဖွင့်ရေးသားထားခြင်း ဖြစ်သည်။ ကမ်းမမြင်၊ လမ်းမမြင် ပင်လယ်ပြင်ကျယ်ရှိ သင်္ဘောတစ်စီးပေါ်တွင် လူအနည်းငယ်ဖြင့် လပေါင်း များစွာ မည်သို့ ရုန်းကန်၊ လှုပ်ရှား၊ သွားလာ၊ နေထိုင်၊ စားသောက်၊ လုပ်ကိုင်နေကြရသည့်အဖြစ် များ၊ သူတို့၏ ရေတစ်ပိုင်း၊ ကုန်းတစ်ပိုင်း ရှင်သန်နေရသော ခံစားချက်နှလုံးသားများ၊ မိသားစု၏ နေထိုင်၊ စားသောက်မှုနှင့် ဘဝဖူလုံရေးအတွက် ချစ်ရသူများကို ရင်နာစွာခွဲခွာပြီး ကြမ်းတမ်းလှ သော မုန်တိုင်းထန်သည့် သမုဒ္ဒရာရေပြင်ပေါ်မှ သင်္ဘောပေါ်တွင် ပင်ပန်းကြီးစွာ စွန့်စားလုပ်ကိုင်နေ ရပုံများ၊ ထို့ကြောင့်ပင် အလုပ် ကြမ်းနှင့် ထောင်ဒဏ် ဝမ်းကန်ထရိုက်ကျခံနေရသော ရေလယ် အကျဉ်းသားများဟုပင် အချို့ကဆိုကြပုံကို စာအုပ်မှတဆင့် လေ့လာသိရှိကြရမည် ဖြစ်သည်။ ဤ စာအုပ်သည် သင်္ဘောသားများအတွက်တော့ မိမိတို့ဘဝကို ကိုယ်စားပြုတဲ့ မှတ်တမ်းတစ်ခုဖြစ် သလို၊ သင်္ဘောသားမိသားစုဝင်တွေအတွက်တော့ မိမိတို့ချစ်ရသူ ရင်တွင်းစကားသံများကို နားလည် စေမယ့် တံတားတစ်စင်း ဖြစ်ပါလိမ့်မည်ဟု ဆိုထားသည်။