| Country | |
| Publisher | |
| ISBN | null |
| Format | PaperBack |
| Language | Myanmarese |
| Year of Publication | 2026 |
| Bib. Info | 496p. ; 15x22cm. |
| Categories | Biography/Memoirs |
| Product Weight | 614 gms. |
| Shipping Charges(USD) |
စာပေသဘောတရား နည်းနာများကို အနောက်တိုင်းနည်းနှင့် မြန်မာ့နည်း သမအောင် မွှေနောက်၍ ရေးလည်းရေးသား၊ သင်လည်းသင်ကြားခဲ့သောပညာရှင်၊ စကားပြေလေ့လာ သင်ကြားရေးကို ကြမ်းပြင်မှ ခေါင်မိုးထိမြင့်အောင် မြှင့်တင်ပေးခဲ့သူ၊ မြန်မာစာ မြန်မာစကား အသိတရားများကို ပြည်သူ့ကြား၊ ပြည်သူနားရောက်အောင် ပေါက်အောင်အပို့နိုင်ဆုံး ပညာရှင်။ စဉ် ဆက်မပြတ်လေ့လာ သုသေတနပြုလုပ်နေပြီး တွေ့ရှိသမျှကို ထုတ်ဖော်ရေးသားခဲ့သောကြောင့် ပညာရပ်နယ်ပယ်တွင် အင်မတန်အလုပ်လုပ်သည်ဟု သတင်းကြီးလှသော သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းကပင် ‘ဒီဆရာ အလုပ်လုပ်တယ်” ဟု ချီးကျူးခံရသူ၊ ပညာပြည့်၀၍ စိတ်ထား လှသောကြောင့် တပည့်အပေါင်းက ‘ဆရာအေး” ဟူ၍ တညီတညွတ်တည်း ချစ်ကြည် လေးမြတ်ရ သော ပုဂ္ဂိုလ်၊ စာဟောင်းများကို နည်းသစ်ဖြင့်ချဉ်းကပ်ဖော်ထုတ်ရာတွင် ထူးချွန်လှသောကြောင့် မြန်မာစကား၊ မြန်မာစာလေ့လာမှုနယ်ပယ်တွင် အစားထိုးမရနိုင်သည့် ပုဂ္ဂိုလ် မောင်ခင်မင် (ဓနု ဖြူ)အကြောင်းကို လုပ်ဖော်ကိုင်ဖက်များ၊ တပည့်များက ဆောင်းပါးများဖြင့် ဂုဏ်ပြုရေးသားထား ခြင်း ဖြစ်သည်။