| Country | |
| Publisher | |
| ISBN | 9789997139054 |
| Format | PaperBack |
| Language | Myanmarese |
| Year of Publication | 2026 |
| Bib. Info | 266p. ; 19x25cm. |
| Categories | Biography/Memoirs |
| Product Weight | 694 gms. |
| Shipping Charges(USD) |
မြန်မာပန်းချီလောကတွင် သမားရိုးကျပန်းချီ ရေးဆွဲဟန်မှ သွေဖည်ကာ မိမိ ရေးလို သည်ကိုသာ တစိုက်မတ်မတ် ဇွဲနပဲကြီးစွာ အပတ်တကုတ် ရေးဆွဲခဲ့သော ပန်းချီအုန်းခိုင်ဇင်၏ ဘဝ အကြောင်း ရေးဖွဲ့ထားသည့် စာအုပ်ဖြစ်သည်။ ထူးခြားချက်မှာ ဤစာအုပ် ရေးသားသူသည် ပန်းချီဆရာ၏မိခင် စာရေးဆရာမ ခင်မြဇင် ဖြစ်နေခြင်း ဖြစ်သည်။တစ်ဦးတည်းသော သားအဖြစ် သာမက ဘဝတိုးတိုးဖော် အဖြစ်ပါ နေအိမ်လေးတစ်လုံးအတွင်း အတူ ရှင်သန်ရုန်းကန်ခဲ့ရသည့် သံယောဇဉ်နှောင်တည်းမှု သမုဒယဖွဲ့၊ ပန်းချီ ဆရာ၏ ငယ်စဉ်တောင်ကျေး ကလေးဘဝမှသည် ပန်းချီဝါသနာ ရင့်သန်လာပြီး ပန်းချီကျောင်းတက်ကာ စာနယ်ဇင်းလောကသို့ဝင်ရောက်လာပုံ၊ ထိုမှ ငွေရ လွယ်ကူရာဘက်သို့ မလိုက်ဘဲ သူ ခံစား၍ရသော သူရေးဆွဲလိုရာ အနုပညာအပေါ်သာ စိုက်လိုက်မတ်တတ် နေ့နေ့ ညည ရေးဆွဲနေတတ်ပြီး တစ်စ တစ်စ အောင်မြင်မှုလမ်းကြောင်းပေါ် သို့ လျှောက်လှမ်းလာနိုင်ကာ ကိုယ်ပိုင်ဟန်တစ်ခုအား ရဲရဲဝံ့ဝံ့ ထူထောင်နိုင်သည့်အကြောင်း၊ သူ၏ ပန်းချီရေးဟန်နှင့် ပန်းချီပညာလေ့လာဆည်းပူးမှု အစရှိသည်တို့ကို မိခင်နှင့်သားတို့ကြား ရယ်မော စရာ အဖြစ်အပျက်ကလေးများဖြင့် ရေးသားမှတ်တမ်းတင်ထားသည်။ ပန်းချီအုန်းခိုင်ဇင်သည် အသက်ငယ်ငယ်ဖြင့် ကင်ဆာဝေဒနာ စွဲကပ်လာကာ ကြွေလွင့်ခဲ့ရပြီး မကွယ်လွန်မီအချိန်ထိပန်းချီရေးနိုင်သော ကာလအတွင်းဝယ် ဌက်နှင့် ငါးရုပ်ပုံလေးများသာ တစိုက်မတ်မတ် ရေးဆွဲနေခဲ့ သည်။ အနုပညာဖန်တီးမှုနှင့် ၎င်းအပေါ် သက်ရောက်မှုကြီးမားသော ထိုရုပ်ပုံအကောင်လေးများ အား အဘယ်ကြောင့် ရေးဆွဲဖြစ်ရသနည်း ဆိုသည့် အသိရခက်သော ပဟေဠိတစ်ပုဒ်ကိုလည်း စာအုပ်ဖတ်ရင်း တွေးချင့်စရာ ရစေမည် ဖြစ်သည်။