focus in
# 922019
USD 16.80 (Book Not in Ready Stock, will take 45-60 days to source and dispatch)
- +

ကျောင်းပျော်ကြီး ကျွန်တော် ကြုံခဲ့ရသော ရန်ကုန်တက္ကသိုလ်ပွဲများ

Author :  မောင်ခင်မင် (ဓနုဖြူ)

Product Details

Country
Myanmar
Publisher
ဒေါ်ခင်ခင်ထွေး
ISBN 2609201901253
Format PaperBack
Language Myanmarese
Year of Publication 2026
Bib. Info 184p. ; 14x22cm.
Categories Biography/Memoirs
Product Weight 194 gms.
Shipping Charges(USD)

Product Description

ထူးချွန်သော မြန်မာစာပါမောက္ခတစ်ဦးဖြစ်သူ စာရေးသူက ငယ်စဉ်ကျောင်းသားဘဝ စာမေးပွဲအောင်ပြီးခါမှ အောင်လက်မှတ် ပျောက်ဆုံးသွားခြင်း၊ တက္ကသိုလ်စာကြည့်တိုက်ကို သမဂ္ဂ အဆောက်အအုံနှင့် မှားခြင်း၊ အိမ်မရှိသော လိပ်စာသို့ ဖိတ်စာ ရောက်သွားသဖြင့် ငွေတာရီဆုကို ကိုယ်တိုင်တက်ယူရန် လွဲချော်ခဲ့ရခြင်း အပါအဝင် မယုံသူများအတွက် ပုံပြင်ဟု ထင်မှတ်ချင်စရာ ကောင်းသော ပညာရေးခရီးလမ်းမှ တအံ့တဩအဖြစ်ဆန်းများ၊ ကျေးလက်မူလတန်းကျောင်းမှ သည် မြို့ပြ တက္ကသိုလ်ကျောင်းတိုက်သို့ အဆင့်ဆင့် တက်လှမ်းခဲ့ရသည့်အတွေ့အကြုံများ၊ စတုတ္ထ တန်းကို လေးနှစ် လေးခါ ကျောင်းလေးကျောင်းမှာ တက်ခဲ့ရသည့် မူလတန်း ကျောင်းသားဘဝမှ သည် တက္ကသိုလ်တွင် ပါမောက္ခဆရာတယောက်ဖြစ်သည့်အထိ တက်လှမ်းခဲ့ရသော ပညာရေးခရီး ရှည်ကြီး တလျှောက် တွေ့ခဲ့ ကြုံခဲ့ ဖြတ်သန်း ခဲ့ရသော ပညာရေးစနစ် အပြောင်းအလဲများ၊ စာသင် ကြားပုံ စနစ်များကို ရိုးခနဲ ရိပ်ခနဲ တင်ပြရင်း ကျောင်းသားဘဝတလျှောက် တပျော်တပါး ရင်ခုန် စိတ်လှုပ်ရှားလျက် ပါဝင်ဆင်နွှဲခဲ့ရသော ပျော်ပွဲရွှင်ပွဲများ၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲများမှသည် စကားရည်လုပွဲ၊ စာပေဟောပြောပွဲ၊ ဉာဏ်ကြီးရှင်ဖြေဆိုပွဲ၊ တကသ ရွေးကောက်ပွဲ၊ ကျောင်းသား ပွဲတော်၊ ဘွဲ့နှင်းသဘင်၊ သုတေသနဆွေးနွေးပွဲ၊ စာတမ်းဖတ်ပွဲ၊ ရန်ကုန်တက္ကသိုလ် ရွှေရတု စိန်ရတု ပွဲများ အလယ် ရန်ကုန်တက္ကသိုလ်နှစ်တရာပြည့်ပွဲ ထိတိုင် အမှတ်တရအတွေ့အကြုံများကို ဤ စာအုပ်တွင် ရေးသားမျှဝေထားသည်။ နိမ့်တုံ မြင့်တုံ တက်တုံ ဆင်းတုံ လောကဓံအဖုံဖုံကို ရင်ဆိုင်ခဲ့ ရပြီဖြစ်သော ရန်ကုန်တက္ကသိုလ်၏ကိုယ်စား ကျောင်းပျော်ပါမောက္ခကြီးတဦး၏ အလွမ်းရင်ဖွင့်သံ များ ဖြစ်ကြသည်။

Product added to Cart
Copied